အပိုင်း ( ၃ )

11 2 0
                                    

ထို့နောက် ဒဖ်ဖဒယ်လ်တို့သူငယ်ချင်းတစ်စုသည် ပစ္စည်းပစ္စယများကို ကားပေါ်သို့တင်လိုက်ကြသည်။ ဒဖ်ဖဒယ်လ်သည် သူမ၏ သူငယ်ချင်း အိုင်ရစ် ကို ဖုန်း လှမ်းခေါ်လိုက်သည်။ “ ငါတို့ပျော်ပွဲစားထွက်တာကို videoရိုက်ပြီး လှမ်းပို့လိုက်မယ်လေ ” အိုင်ရစ်သည် “ အင်း ကောင်းတယ် ငါ နင်တို့နဲ့မပျော်နိုင်ပေမဲ့ အဲဒီ video ကို ကြည့်ပြီပျော်ရတာပေါ့ ကျေးဇူးပါ ဒဖ်ဖဒယ်လ် ရယ် ” ဖုန်းကိုချကာ အိတ်ကပ်ထဲသို့ထဲလိုက်သည်။ ထိုနောက် ဒဖ်ဖဒယ်လ်သည် ကားပေါ်သို့ တက်ပြီး သူမတို့၏ မြို့၏ တောင်ဖက်တွင်ရှိသော တောအုပ်ကြီးဆီသို့ ထွက်လာခဲ့ကြသည်။

ကားကိုမိနစ်အနည်းငယ် မောင်းလာခဲ့သောအခါ ထိုတောအုပ်ကြီးဆီသို့ရောက်လာခဲ့သည်။ ဒဖ်ဖဒယ်လ်သည် သူမ၏သူငယ်ချင်းအိုင်ရစ်ကိုသတိရနေ၏။အိုင်ရစ်သည် သူမတို့ပျော်ပွဲထွက်စားထွက်ရင် အမြဲသူအရင်ရောက်တက်သည်။ပြီးခဲ့သည်လတွင် ခရီးထွက်ရာတွင်သူမ မလိုက်နိုင်ခဲ့ပေ။ဒဖ်ဖဒယ်လ်တစ်ယောက်စိတ်မကောင်းဖြစ်နေ၏။နာရီအနည်းငယ်ကြာသော်အခါ သူမတို့ရောက်ချင်သောတောကြီးဆီသို့ရောက်လာခဲ့ကြသည်။သူမတို့ကားကို သူမတို့စခန်းချမည့်နေရာနှင့် မနီးမဝေးတွင်ရပ်ထားကြသည်။

‌ဒဖ်ဖဒယ်တို့သည် 🏕️ စခန်းချရန် တဲလုပ်ရန်ပစ္စည်းများကို ကားထဲမှထုတ်နေကြသည်။ ခဏအကြာတွင်သူမတို့၏ တဲများကို ပြီးမြောက်အောင် တည်ဆောက်ခဲ့ကြသည်။ ထိုနောက် “ အော်ခရ်ရေ...ငါဆီရေဘူးယူလာခဲ့ပါလား ” ဟုအော်ခရ်ကိုပြောလိုက်သည်။ အော်ခရ်သည် ကားထဲရေဘူးကိုယူကာ သူမအစ်မ ဒဖ်ဖဒယ်ဆီသို့ ပြေးသွားလိုက်သည်။ ထိုနောက် အော်ခရ်မှ “ မမ ဒီတောကြီးကလေ ထင်သလောက်ကြောက်စရာလဲမကောင်းဘူး ” ဟုပြောလိုက်သည်။

အိုင်ရစ်သည် သူမ၏သူငယ်ချင်းများအလည်သွားခဲ့‌သော တောကြီးအကြောင်းကို Googleတွင်ရှာဖွေနေခဲ့သည်။ ထူးဆန်းတယ်လို့ပြောရမလား အိုင်ရစ် ရှာနေသည်အချိန်တွင် သူမ၏ Laptop 💻သည် အားကုန်သွားခဲ့သည်။ အိုင်ရစ်တစ်ယောက်  “ ဘာလဲဟ အားကုန်သွားပြီးလား အား ဘာမှလဲမကြည့်ဘဲနဲ့ အားကုန်နေတာ စက်များလေးနေတာလား ”ဟုတွေးမိသည်။တစ်ဖက်တွင် ဒဖ်ဒယ်လ်တစ်ယောက် သူမတို့၏တဲများထဲသို့ ဝင်နားနေကြသည်။

ညနေ နေစောင်းချိန်သို့ရောက်လာခဲ့သောအခါ ချက်ပြုတ်စားသောက်ရန် ချာလီတစ်ယောက် တောထဲသို့ထင်းထွက်ရှာရန်ပြင်နေသည်။ ထို့နောက် ချာလီကို ဂျက်ခ်က “ ဟေ့ ချာလီ ဘယ်သွားမလို့လဲ ” ဟုမေးလိုက်၏။ချာလီက “ ထင်းသွားရှာမလို့ မင်းကောလိုက်ခဲ့ဦးမလား ” ဟုပြောလိုက်သည်။ဂျက်ခ်က မစဉ်းစားဘဲ ပြန်ပြောလိုက်သည် “ Okay လေ လိုက်ခဲ့မယ် ” ချာလီနှင့်ဂျက်ခ်တို့ သူငယ်ချင်းနှစ်ယောက်  ထင်းရှာထွက်ရန် တောထဲသို့ထွက်လာခဲ့ကြသည်။ ဂျက်ခ်က ချာလီကို “ ဒါနဲ့ချာလီ မင်း ရည်းစားနဲ့ အဆင်ပြေလား။ ဟိုကစိတ်ကောက်တုန်းလား။ ” ဟုမေးလိုက်သည်။

ချာလီက “ အင်း ညကျမှသူမ ကိုချော့တော့မယ်ကွာ သူကမင်းတို့သိတဲ့ အတိုင်းဘဲ စိတ်ဆိုး စိတ်ကောက်တက်တယ်လေ ” ဟုပြောလိုက်သည်။မိနစ်အနည်းငယ်စကားပြောရင်း ‌လျှောက်လာခဲ့ကြသည်။သစ်ကိုင်း‌ခြောက်များကိုကောက်နေသည့် ဂျက်ခ်ကသူတို့၏ဘေးဘီဝဲယာကို ကြည့်နေခဲ့သည်။ဂျက်ခ်သတိမထားမိတာက သူတို့နောက်တွင် အရပ်တစ်ခုကစောင့်ကြည်နေခဲ့သည်။ဂျက်ခ်သည် စိတ်ထဲမသိုးမသန့်ခံစားရသဖြင့် ချာလီလက်ကိုဆွဲ၍ တောကြီးထဲမှ စခန်းဆီသို့အမြန်ပြန်လာခဲ့သည်။

ချာလီသည် ဂျက်ခ်၏ မျက်နှာကိုကြည့်၍ “ ဂျက်ခ် ဘာဖြစ်လို့လဲ မင်းမျက်နှာမကောင်းသလိုဘဲ ” ဟုမေးလိုက်သည်။ဂျက်ခ်ကဘယ်လိုပြန်ပြောရမှန်းမသိဖြစ်နေ၏။“ ဘာမှမဟုတ်ပါဘူး စိတ်ထဲတစ်မျိုးခံစားနေရလို့ပါ။ ငါတို့ကိုတစ်ယောက်ယောက်ကစောင့်ကြည့်နေ သလိုခံစားရလို ” ဟု‌ပြန်ပြောလိုက်သည်။“ အိုး ငါထင်တာ မင်း crush ကမင်းကိုငြင်းမယ်ထင်တဲ့ကိစ္စကိုပြောတာလားလို့ ဟား ဟား ဟား ” ဟု‌ချာလီ တစ်ယောက်ရယ်‌ကာ ပြောလိုက်သည်။

တောအုပ်ကြီးWhere stories live. Discover now