အပိုင်း ( ၅ )

10 2 1
                                    

ဒေါသထွက်ထွက်အော်နေသောချာလီကိုကြည့်၍ ဂျက်ခ် “ ဝိုး ဝိုး ဟေ့ချာလီ မင်းကလဲ ဘာမဟုတ်တဲ့ကိစ္စကိုများ ငါမင်းကိုကယ်လိုက်တာပါ မင်းငါကိုကျေးဇူးကန်းတော့မလို့လား ” ဂျက်ခ်‌က ကျီစယ်လိုက်သည်။ ချာလီက စိတ်ညစ်ညစ်နှင့် ပြတင်းပေါက်နေ အပြင်သို့လှမ်းကြည့်နေတော့သည်။ တွေ‌ဝေမှိုင်ငေးနေသောချာလီကိုကြည့်၍ ဂျက်ခ်ကသူ့သူငယ်ချင်းကိုသနားလာသဖြင့် မကျီစယ်တော့ဘဲပြောပြရန်ဆုံးဖြတ်လိုက်သည် “ မင်း ဘာဖြစ်လာတာလဲဆိုတာငါသိတယ်နော်။ မင်း လူနာနဲ့ပြဿနာတက်လာတာ မဟုတ်လား ချာလီ ” ဂျက်ခ်စကားကြောင့် ချာလီက အံ့ဩသွား၏။

ချာလီက မျက်ရည်အဝိုင်းသားနှင့် “ ငါကို ကူညီပါဦး ငါ‌တကယ်အဲဒီကောင်မလေးကိုမသိပါဘူး။ ငါ မလိမ်ပါဘူး ဂျက်ခ်ရာ ” ဂျက်ခ်ကိုပြောပြနေသည်။ ဂျက်ခ်ကတော့ ပြောပြသင့်မပြောပြစဉ်းစားနေ၏။ ချာလီကတော့ငိုကာသူ့ သူငယ်ချင်းကိုအကူအညီတောင်းခံနေ၏။ “ မင်း ရန်မဖြစ်ဘူး လို့ငါကိုကတိပေးရင် ငါပြောပြမယ် ” ချာလီကခေါင်းညိတ်ကာ သဘောတူလိုက်သည်။

“ မနေ့ညက မင်းဟိုအကောင်‌တွေနဲ့ ကလပ်ကိုရောက်လာတယ်။ ပြီတော့အဲဒီကောင်တွေက သွားကကြတယ်လေ။ မင်းကတစ်ယောက်ထဲကျန်ခံပြီး ဘီယာသောက်နေခဲ့တယ်လေ။ မင်းဘီယာသောက်ရင်သုံးလေးဗူးနဲ့ဆိုမူးပြီး တကယ် အဲဒါနဲ့ကောင်မလေးတစ်ယောက် မင်းလာစကားပြောတယ်။ ပြီးတော့ သူမက ကာရာအိုကေအခန်းထဲ ကိုခေါ်သွား အဲဒီမှာသူမကမင်းကိုနမ်းနေတာ ပြီးတော့မင်းကို ဝီလီက Video ရိုက်နေတာ ”

ဝီလီဟုကြားလိုက်သည်နှင့် ချာလီကဒေါသထွက်ကာ စားပွဲကို လက်နှင့်ရိုက်လိုက်သည်။

“ ဖြောင်း ဒုန်း  ”

“ ဒီကောင်ငါကိုမကောင်းကြံတာပေါ့။ဟုတ်လား ဂျက်ခ် ငါဒီကောင်ကို သွားသတ်မယ်။ သူက လူနာအထင်လွဲအောင်တမင်တကာလုပ်တာမဟုတ်လား ချီးထုတ်ဘဲ ငါသွားတော့အဲဒီကောင်ကိုသွားသတ်မယ် ” ချာလီထိုသို့ပြောလိုက်သည်နှင့် ဂျက်ခ်က “ မင်းကတိမင်း မှတ်မိတယ်မဟုတ်လား ” လေသံမာမာနှင့်ပြောလိုက်သည်။ ချာလီက သူရဲ့ဒေါသထွက်နေသောစိတ်ကို ထိန်းချုပ်ကာ ဂျက်ခ်၏စကားကိုနားထောင်လိုက်သည်။

တောအုပ်ကြီးWhere stories live. Discover now