Part 1

26 6 2
                                    

"အေးမြလှတဲ့လေညှင်း
ကျေးငှက်တို့ရဲ့ တွန်ကြူးသံ
ဒီလေပြေလေညှင်း ခပ်သင်းသင်းနဲ့
သဘာ၀တရားရဲ့ ငြိမ်သက်တိတ်ဆိတ်မှုတို့အား ဖောက်ထွင်းကာ "

"မေမေရေ သားစာအုပ်ရော သားပုံဆွဲစာအုပ်လေး‌တွေမိသေးလား"

(ရောင်နီအလောတကြီးမေးမိသည်)

တိုသို့ အေးမြငြိမ်သက်မှုကြားမှာ ပကာယာခတ်နေတဲ့ "ရောင်နီသွေး" အား သူ့မိခင် "ဒေါ်မာယာသွေး"က ခပ်ရဲ့ရဲ့ပြုံးရယ်ရင်း ကြည့်မိသည်

"သားရယ် မေမေ့ကို အလန့်တကြားဖြစ်အောင်လုပ်ပြန်ပြီ သားအိပ်ယာထဲမရှိဘူးလား ကျောင်းကနေရောပြန်ယူလာလို့လား"

"ရှာပြီးပြီမေမေရဲ့ သားဘယ်မှာမှမတွေ့ဘူး"

"အရေးကြီးလို့လား သားငယ်လေးရယ်"

"အရေးကြီးတာပေါ့ဗျ ..... စိတ်ညစ်ပါတယ်ဗျာ"

‌ဒေါ်မာယာသွေး တစ်ချက်လောက် သက်ပြင်းချမိသည် သူမကတည်တည်ငြိမ်ငြိမ်နှင့် ပင် သူ့သားငယ်လေးကို ဖျောင့်ဖျဖို့ တွေးမိသည်

"လာပါသားငယ်လေးရယ် ကျောင်းနောက်ကြမယ် အိမ်ဆရှ့မှာ မင်းဖေဖေ စောင့်နေတယ်"

(ရောင်နီ"မျက်နှာဘယ်လိုမှ မပြုံးနိုင် )

"လာပါ.....သားရယ် မေမေတို့အသစ်ပြန်၀ယ်ပေးမှာပေါ့ ထကျောင်းသွားမယ်"

ရောင်နီမထချင်ထချင်နဲ့ပင် လွယ်အိတ်လွယ် ထမင်းဘူးကိုလက်ကကိုင်ရင်းအိမ်ပြင်ထွက်လာသည်။ကားပေါ်ကနေအသင့်စောင့်နေတဲ့သူ့အဖေကိုတောင်ပြုံးမပြနိုင်တော့ပဲ ကားပေါ်ကို တက်သည်။

Driver ခုံကထိုင်ရင်းအဖေဖြစ်သူ "ဦးဂုဏ်ညဏ်ရောင်" တစ်ယောက်သူ့သားကို တစ်ချက်ဝှေ့ကြည့်ရင်းမေးလိုက်သည်

"ကယ်.... သားဘာဖြစ်လာရပြန်ပြီတုန်း"

ရောင်နီမျက်နှာကခုထိဆူပုတ်နေတုန်း

"သားပုံဆွဲစာအုပ်ပျောက်သွားလို့"

"သားရယ်သားမှာပုံစွဲစာအုပ်တွေအများကြီးရှိရဲ့သားနဲ့ တစ်အုပ်တစ်လေပျောက်တာဘာအရေးလုပ်လို့"

"အခုတစ်အုပ်ကသားလက်ဆောင်ရထားတာဗျ"

"သားရယ် လက်ဆောင်ရတာများ နောက်ခါဖေဖေဒီထက်ကောင်းတဲ့စာအုပ်သားကိုလက်ဆောင်၀ယ်ပေးမယ် ဟုတ်ပြီလား မင်းမျက်နှာကြီးကိုဆူပုတ်ပုတ်ကြီးလုပ်မထားနဲ့ ကလေးလဲမဟုတ်တော့ပဲကွာ "

"ဟုတ်"

ရောင်နီစိတ်ထဲမှာသိပ်အခဲမကြေနိုင်ပါ......သူ့ရဲ့ဘ၀မှာ သူငယ်ချင်းတစ်ယောက်စီကနေပထမဆုံးရဘူးတဲ့လက်ဆောင်ကိုသူလွယ်လွယ်နဲ့အပျောက်မခံချင်။အထက်တန်း‌ကျောင်းတက်သည်အထိရောင်နီအငယ်ဆုံးသားပီပီကလေးဆန်နေသေးသည်။

သူတစ်လမ်းလုံးစာအုပ်အကြောင်းပဲစဉ်းစားနေသည်။အခုတော့ကျောင်းကိုရောက်ပြီ

"ကယ်....သားရောက်ပြီ ဆင်းလို့ရပြီ"

ရောင်နီသူ့အဖေကိုလက်ပြ‌နှုတ်ဆက်ကာ.......
"ဖေဖေ တစ်ကယ်၀ယ်ပေးရမှာနော်..."

ဦးဂုဏ်ညဏ်ရောင်ဘာမှမထည့်မစဉ်းစားတော့ပဲ ခေါင်းဆတ်ဆတ်ငြိမ့်ပြရင်း ကျောင်း၀န်းထဲ၀င်သွားတဲ့သူ့သား ကျောင်းဆောင်ထဲအ၀င် ကွယ်သွားခါမှ ပြန်ထွက်လာခဲ့သည်........

~~~~~~~~

"မျက်၀န်းပြာ"Where stories live. Discover now