ဒီနေ့ ဦးဂုဏ်ညဏ် ကျောင်းလာကြိုတာ မိနစ်အနည်းငယ်ခန့်နောက်ကျသည်။
ရောင်နီတစ်ယောက် နာရီတကြည့်ကြည့်၊စိတ်ရှည်လက်ရှည် နှင့်ထိုင်စောင့်နေရရှာသည်
သူ့စိတ်ထဲကျောင်းမှာပင်ပန်းခဲ့သမျှ အိမ်မှာ ပုံဆွဲရင်း ၊ စာအုတ်ဖတ်ရင်းအနားယူဖို့သာရှိသည်........
*တီ.....တီ.....*
ကားဟွန်းတီးသံကြောင့်ရောင်နီ တစ်ယောက်လန့်သွားရှာသည်။ထိုင်နေရာကထပြီးကားပေါ်တက်ကာမှ သက်ပြင်းချနိုင်တော့သည်.....
"စောင့်နေရတာကြာသွားလားသား....ဖေဖေတောင်းပန်ပါတယ်ကွာ ၊ တောင်းပန်တဲ့အနေနဲ့ ဖေဖေသားကိုတစ်ခုခုပြန်လုပ်ပေးမယ် art supplies shop ၀င်မလား မုန့်တစ်ခုခုစားမလား ကယ်ပြော"
"ဖေဖေ art supplies shop ပဲအရင်၀င်လိုက်တော့လေနောက်မှမုန့်စားမယ် "
"ဟုတ်ပါပြီဗျာ"
______လမ်းတစ်လျှောက်လုံး ရောင်နီသူပျောက်သွားတဲ့စာအုပ်အကြောင်းပဲတွေးရင်း အတွေးကမ္ဘာထဲလွင့်မျောနေရှာသည်.....
မိနစ်အနည်းငယ်အကြာ....art supplies shop ကနေရောင်နီလိုချင်တာ၀ယ်အပြီး store ကို၀င်ရင်း ဦးဂုဏ်ညဏ်ရောင် ၏ချစ်ဇနီး ရောင်နီသွေး အမေ အတွက် မုန့်လေးဘာလေး၀င်၀ယ် ကြရင်း သားဖနှစ်ယောက်နောက်မကျခင်အမှီပြန်လာခဲ့သည်
"ကယ် ပြန်ရောက်ပြီ စိတ်ကျေနပ်ပြီလားသားငယ်"
"သေချာပေါက် စိတ်ကျေနပ်တာပေါ့ဗျ"
သူ့သားငယ်ရောင်နီစီကနေဒီလို၀မ်းသာတရစကားသံကြားရလေတော့ ဖခင်ဖြစ်သူ
ဦးဂုဏ်ညဏ်ရင်မှာ ပီတိဝေဝေဆာ ဖြာရသည်(သားဖနှစ်ယောက်အိမ်ထဲ၀င်လာရင်း......)
"မာယာရေ ကိုယ်တို့ပြန်ရောက်ပြီ"
ဒေါ်မာယာသွေးအိမ်အပေါ်ထပ်ကနေအပြေးလေးဆင်းလာရင်း လင်တော်မောင်နှင့် သားငယ်အား စီးကြိုရှာသည်
"အစ်ကိုမောရောပေါ့ မာယာ ရေခပ်ပေးရဦးမလား သားငယ်ရောရေသောက်ဦးမလား"
"မာယာ့မျက်နှာမြင်ရတော့ ကိုယ့်အမောတွေအကုန်လုံး ရေငွေ့လိုပျောက်သွားပါသတဲ့ဗျာ"

YOU ARE READING
"မျက်၀န်းပြာ"
Teen Fictionhello ပထမဦးစွာမင်္ဂလာပါလို့နှုတ်ဆက်ချင်ပါတယ်ဗျ ကျွန်တော်ကတော့Mhaine Wai Yiပါ"မှိုင်း" လို့ခေါ်လို့ရသလို "potato"လို့လဲခေါ်လို့ရပါတယ်ဗျ အခု"မှိုင်း" fic ကလေးတစ်ပုဒ်ရေးချင်ပါတယ် အားပေးကြပါဦးလို့လဲတောင်းဆိုချင်ပါတယ်နော်။ ဒီတစ်ခုက "မှိုင်း"ရဲ့ ပထမဆုံး အ...