Part-5

12 4 4
                                    

ပုံမှန်အတိုင်းပဲ မနက်အိပ်ယာနိုးတာနဲ့ မျက်နှာသစ်သွားတိုက် ၊ မနက်စာစားပြီးတာနဲ့ အမေအသင့်ပြင်ပေးထားတဲ့ ထမင်းဘူးကိုယူရင်း ‌‌ကျောင်းကိုထွက်ခဲ့သည်.......
ဒီနေ့လဲဘာမှမထူးခြားပေ လှောင်ပြောင်မည့်သူတွေရဲ့မျက်လုံးတွေက ခပ်ရွဲ့ရွဲ့နှင့်သူ့ကိုကြည့်နေလိမ့်ဦးမည်ဟုရောင်နီတွေးမိသည်

သူသက်ပြင်းတစ်ချက်ချရင်း အခန်းထဲအ၀င်...

မိန်းက‌လေးများညို့အနားတွင် ပျားရည်အိုင်ကို ပုရွက်ဆိတ်တွေ ဝိုင်းအုံနေသလိုပင်.....

"ဒါညို့ဆွဲထားတာလား လှလိုက်တာ ဒို့ကိုလက်‌ဆောင်ပေးပါ့လား"

"တစ်ကယ်ကိုပါရမီပါတာပဲ ကြည့်ပါဦးအသက်၀င်လိုက်တာတာ"

ညို့မျက်၀န်းသွင်တစ်ယောက်ရှင်းပြဖို့ ကြိုးစားပါသေးသည်....

"တစ်ကယ်အသက်၀င်တာ ရောင်နီသွေး ထက်တောင်ဆွဲတက်သေးတယ် ညို့ကတစ်ကယ်ကိုတော်တာ"

"အဲ့လိုမဟုတ်ပါဘူးဗျာ"

"ဟဲ့တော်တော့ဟဲ့"

ပြောနေတဲ့ကောင်မလေးကို သူ့ဘေးကကောင်မလေးကတံတောင်နှင့် မသိမသာတိုက်လိုက်ရင်းမျက်ရိပ်မျက်ခြေပြလိုက်သည်

ရောင်နီကြားသွားပုံရသည်....မျက်နှာသေကြီးနှင့် လျှောက်လာရင်းသူ့ခုံသူ၀င်ထိုင်လိုက်သည်....

တစ်နေ့ကုန်လုံးပုံမှန်နေ့တွေလိုဖြတ်သန်းရင်းပဲ ကျောင်းဆင်းချိန်ရောက်တော့

ရောင်နီကားပေါ်တက်ဖို့ကားတံခါးဖွင့်လိုက်တဲ့အချိန်.....

"ရောင်နီ...."

ရောင်နီသူ့နာမည်ခေါ်သံကြားလို့တစ်ချက် လှည့်ကြည့်မိသည်

ညို့မျက်၀န်းသွင်းပြေးလာရင်း.....စာအုပ်ကိုလက်ကမ်းပေးရင်း

"စာအုပ်ထဲမှာနာမည်တပ်ထားတာ အစ်ကို့နာမည်ဖြစ်မယ်ထင်လို့ ဒါအစ်ကို့စာအုပ်လားခင်ဗျာ"

ရောင်နီသွေး ညို့မျက်၀န်းသွင်လက်ထဲကစာအုပ်ကိုငုံကြည့်ကာ၊သူ့ရဲ့ပျောက်နေတဲ့စာအုပ်မှန်းသိသွားသည် .....

"မျက်၀န်းပြာ"Where stories live. Discover now