နံနက် 7နာရီး ကျေးငှက်တို့တွန်ကြူးသံတို့ သာယာလှသည်......
ပြတင်းပေါက်မှ နံနက်ခင်းအလင်းရောင်ခပ်ဖျော့ဖျော့ က ရောင်နီ့မျက်နှာတည့်တည့်သို့ ဖျာရစ်၍ကျဝဲလာသည်
အလင်းတန်းရိုက်ခတ်မှုက မျက်တောင် ကြားတိုးဝှေ့လျှိုကာ မှိတ်ထားသောမျက်လုံးများအတွင်းသို့ အလင်းရောင်ချည်ခပ်ဖျော့ဖျော့ ဖြင့်လင်းစေသည် ရောင်နီအခုထိအိမ်ချင်နေသေးသည် ဒီနေ့ကျောင်းသွားရမည်စိုသည့်အသိကသူ့ကို နိုးထစေသည်
မျက်နှာသစ်ဖို့ ရေချိုးခန်းထဲအ၀င် ၊ ရေချိူခန်းက အေးစက်စက်ကြွေပြားခင်းများမှအေးဆက်ဆက်အထိအတွေ့ကိုခံစားလိုက်ရသည် ရုတ်တရက်အအေးဒဏ်ကြောင့် ရောင်နီ့ အာရုဏ်များဖြတ်ကနည်း လန်းဆန်းသွားသည်.......
အခုသူမျက်နှာလဲသစ်ပြီးပြီ သွားလဲတိုက်ပြီးပြီ မနက်သာစားပြီးကျောင်းသွားဖို့သာကျန်တော့သည်........ရောင်နီမနက်စာစားဖို့ အောက်ထပ်ကိုဆင်းလာသည်
မုန့်ဟင်းခါးနံ့ခပ်သင်းသင်းကရောင်နီ့ကို ပိုမို ဆာလောင်စေသည်
ဧည့်ခန်းမှာ ကော်ဖီသောက်ရင်း သိတင်းစာထိုင်ဖတ်နေသည့် ဦးဂုဏ်ညဏ် ဖတ်လက်စ သိတင်းစာကို စာပွဲပေါ်ချပြီး သူ့သားကိုနှုတ်ဆက်ရှာသည်
"Good morning သား အိပ်ရေး၀၀အိပ်ခဲ့ရဲ့လား"
ရောင်နီသူ့ခေါင်းကဆံပင်တေကိုခပ်ဖွဖွသပ်ရင်း......
"အိပ်ရေး၀၀အိပ်ရပါတယ် ဖေဖေ ဒါနဲ့ ဖေဖေရောမနက်စာစားပြီးပြီလား"
ဦီးဂုတ်ညဏ်ရောင် မေးတစ်ချက်ငေါ့ကာ မျက်လုံးများဖြင့်ထမင်းစားခန်းသို့ညွှတ်ပြလိုက်သည်....
"အင်း......စားပြီးပြီ ကဲကဲသွား မင်းကိုယ်တိုင်မေမေချက်ထားတဲ့မုန့်ဟင်းခါးသွားစားချည်"
ရောင်နီခေါင်းညိမ့် ပြုံးပြရင်းသာထမင်းစားခန်းကို ဦီးတည်ထွက်လာပြီး.....လွတ်ရာခုံမှာ၀င်ထိုင်လိုက်သည်
မုန့်ဟင်းခါးဟင်းရည် ၊ မုန့်ဖတ် ၊ဘူးသီးကြော် ကအစ အမေဖြစ်သူဒေါ်မာယာသွေးကိုယ်တိုင်လာချပေးရှာသည်...
YOU ARE READING
"မျက်၀န်းပြာ"
Teen Fictionhello ပထမဦးစွာမင်္ဂလာပါလို့နှုတ်ဆက်ချင်ပါတယ်ဗျ ကျွန်တော်ကတော့Mhaine Wai Yiပါ"မှိုင်း" လို့ခေါ်လို့ရသလို "potato"လို့လဲခေါ်လို့ရပါတယ်ဗျ အခု"မှိုင်း" fic ကလေးတစ်ပုဒ်ရေးချင်ပါတယ် အားပေးကြပါဦးလို့လဲတောင်းဆိုချင်ပါတယ်နော်။ ဒီတစ်ခုက "မှိုင်း"ရဲ့ ပထမဆုံး အ...