Part 2

37 4 2
                                    

ခြေတစ်လှမ်းချင်းစီက ရောင်နီရဲ့တက်ကြွမှုနှင့်ခွန်အားကိုခမ်းခြောက်စေသည် အစကတည်းက စိတ်မကြည်လေတော့ မျက်နှာသေကြီးပင်။ဘယ်သူမှမပြောပြလဲသူသိ‌နှင့်သည် ၊ဒါတွေကရောင်နီအတွက်အသစ်အဆန်းတော့မဟုတ်ပါ......

အခန်း၀အရောက် အခန်းထဲသို့ခြေချသည်နှင့်....

ကျောင်းသားတစ်ယောက်၏စကားတစ်ယောက်ရဲ့စကားတစ်ခွန်းကြောင့်ငြိမ်သက်ကျသွားပြီး မျက်လုံးတွေ .....ထို အညိုရောင်၊အနက်ရောင်အစရှိသောမျက်လုံးတွေက ရောင်နီရှိရာဘက်သို့ မျက်စောင်းတစ်စွန်း ၊ လှောင်ရယ်နေသောအကြည့်တို့ကတစ်ဖုံ ၊ အထင်သေးလိုသောမျက်လုံးတို့ ၊ အဖုံဖုံသော အကြည့်တို့က ဦးတည်သွားသည်။

မိန်းကလေးတစ်ယောက်ကစ........
"ဟဲ့ဟိုမှာဖုတ်သရဲကြီးလာပြီဟ"

လှောင်ရယ်လိုသူကရယ်...ထောက်ခံသူကထောက်ခံနှင့် ရောင်နီ့ဘက်မှ ကာကွယ်မည့်သူမရှိပါ......

ဒါရောင်နီ့အတွက်ရိုးနေပြီ၊အထူးအဆန်းမဟုတ်တော့ဘူး ၊ဒါကိုအခုမှကြုံ‌ရတာမှမဟုတ်တာ....အပြောခံရမှာပေါ့ ရောင်နီက တစ်ခန်းလုံးမှာအသားအဖွေးဆုံးတစ်ကယ့်နုနုဖတ်ဖတ်လေး မိန်းကလေးတွေကအဲ့တော့မနာလိုကြပေတော့

ရောင်နီသူ့နေရာမှာသူ၀င်ထိုင်လိုက်သည်....

"မိုးသောက်လျှံ ရ အဲ့တာပုလင်းဖင်ကွ ပုလင်း‌ဖင်..ဟား ဟား"

ရောင်နီ့ကိုဟာသတစ်ပုဒ်လိုလှောင်လိုက် ရယ်လိုက်နှင်း ခနဲ့နေကြသည်။

မကြာခင်ပင် ကျောင်းတက်ခေါင်းလောင်းထိုးသည်.......

ဒီနေ့ ထူးထူးဆန်းဆန်းအချိန်အလွန်တိကျတဲ့ဘာသာပြဆရာမကနောက်ကြနေသည် မိနစ်အနည်းငယ်ကြမှရောက်လာသည်....

ဆရာမနောက်ကြမှ၀င်လာတာကသိပ်မထူးဆန်းပါ ပိုပြီးထူးဆန်းတာက ဆရာမအနောက်ကကျောင်းသားအသစ်လေးသာ.......

"Good morning teacher"
"Good morning , please attention to         me"
"သူကတော့ ဒီနေ့မှ ကျောင်းကိုအသစ်ရောက်လာတဲ့ ကျောင်းသား အသစ်.......
  "မောင်ညို့မျက်၀န်းသွင်"ပါမင်းတို့ရဲ့ classmate အသစ်ဖြစ်တဲ့အတွက် ရင်းရင်းနှီးနှီးခင်ခင်မင်မင် ဆက်ဆံပြောဆိုပေးကြပါနော် ကယ်သား"ညို့မျက်၀န်းသွင်" သားကြိုက်နှစ်သက်တဲ့နေရာမှာ ၀င်ထိုင်လို့ရပါတယ်နော် "

(ညို့မျက်၀န်းသွင်........)
  အသားခပ်ဖွေးဖွေး ပန်းနုရောင်ဖျောဖျော့နှုတ်ခမ်းပါးတစ်စုံ ၊ အရမ်ခပ်ရှည်ရှည် ၊ခပ်တောင့်တောင့် ခန္ဓာကိုယ်နဲ့ မှေကျနေတဲ့မျက်လုံးတစ်စုံ သူ၀တ်ထားတဲ့ လက်ပတ်နာရီကြားကနေတိူဝှေ့လျှံထွက်လာတဲ့ အရည်ပြားပေါ်မှာပေါ်လွှင်လွန်းနေတဲ့အစိမ်းရောင်သွေ‌ကြောမြစ်လေးတွေအထင်ရှားစဆုံးအပြာ‌ရောင်မျက်၀န်းတစ်စုံနဲ့"ညို့"

ညို့ကိုနေရာဖယ်ပေမဲ့သူတွေရှိကောင်းရှိမည်....
သို့သော်ပြတင်းပေါက်နှင့်ကပ်လျှက်က ဘယ်သူမှ၀င်မထိုင်လေတဲ့ရောင်နီသွေးရှိတဲ့ခုံတန်းလေးအား သူ၀င်ထိုင်လိုက်သည်....

"ကျွန်တော်၀င်ထိုင်လို့ရတယ်မဟုတ်လား‌ဗျ"

ဆံစတွေကြားမှနားထဲသို့တိုးဝှေ့လာတဲ့ အသံခပ်အေးအေးလေး သေချာနားထောင်ကြည့်ရင် Deep voice ဘက်သွားတဲ့အသံ.....
ရောင်နီသူ့မျက်မှန်ကို ပင့်တင်ရင်း
"ညို့မျက်၀န်းသွင်"ကိုမော်ကြည့်မိသည်........

ရောင်နီနားမလည်သလိုကြည့်ပြီး ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်မိသည်.....

(အပြာရောင်မျက်လုံးတစ်စုံ......ဒီမျက်လုံးတစ်စုံနဲ့ဒီအကြည့်ကိုငါတစ်ခါမှမရခဲ့ဘူးဘူး)

                            ~~~~~~~~~~

"မျက်၀န်းပြာ"Where stories live. Discover now