Part-4

11 2 0
                                    

လန့်ပြီးပြေးလာတော့ နှဖူးစပ်က ချွေးစအနည်းငယ်က သွင်စီးကျလာသည် အမောမခံနိုင်တဲ့လူလဲဖြစ်တော့ နှလုံးခုန်နှုန်းကပုံမှန်ထက်ပိုမြန်နေပြီ ရောင်နီသွေးတစ်ယောက်ပါးစပ်ဟပြီးအသက်ရှူနေရင်း တံခါးဖွင့်ပြီး အိမ်ထဲအ၀င်.......

လက်ထဲမှာသူ့စာအုပ်ပြန်ယူမလာမိသည်ကို ပြန်အမှတ်ရသွားသည် စိတ်တိုတိုနှင့်တောက်တစ်ချက်ခေါက်မိသည်

"တောက်..........!!ကွာ"

တောက်ခေါက်သံခက်ထန်ထန်ကြောင့် ဧည့်ခန်းမှာဧည့်သည်နှင့်စကား‌ပြော‌နေသည့်ဒေါ်မာယာသွေး စိတ်ပူပူနှင့် သူ့သားအားလှမ်းခေါ်လိုက်ရင်း

"သားငယ်လေး ရောင်နီ လာဦးဒီမှာ မင်းညီမလေးရောက်နေတယ်ကွဲ့ "

မောနေတဲ့ကြားထဲက အံသွားတစ်ချက်ကြိတ်လိုက်ရင်း.....

"လာပြီမေမေ‌.."

ရောင်နီဒီလောက်စိုသဘောပေါက်ပြီ.....
ဟုတ်သည်...သေချာပေါက် စိတ်မပါလည်း
"နွေရှင်းမိုင်" နှင့် ထိုင်စကားပြောရဦးမည်

နွေရှင်းမိုင်က အသားခပ်လတ်လတ် ဆံပင်ရှည်ရှည်နဲ့ ရုပ်သွင်ပြင်က ပြောစရာမရှိအောင်ပြည့်စုံလှသည် လူပျိုတိုင်းက ငမ်းငမ်းတက်လိုချင်နေကြသည်ရုပ်သွင် ပြီးပြည့်စုံတဲ့ခန္ဓကိုအချိုးအစားနဲ့ကောင်မလေး၊သို့သော် ရောင်နီသူ့ကိုဘယ်လိုမှကြည့်မရပါ(အကဲပိုလို့)

"သမီးရေ အဲ့တာသာကြည့်တော့.....မနက်ကတည်းက သူ့စာအုပ်ပျောက်လို့ သိပ်ကြည်တာမဟုတ်ဘူး"

"ကိုသွေး ကိုကြည့်ပါဦး နှဖူးမှာလဲချွေး‌တွေချည်းပဲ နွေသုတ်ပေးမယ်လေ"
(ကိုသွေးစိုတာအဖျားစွတ်ခေါ်တာနော်)

"ရတယ် မလိုဘူး "နွေရှင်းမိုင်"

တစ်သျှူးယူရန်လက်ရွယ်နေသည့် နွေရှင်းမိုင်လက် တန့်ကနည်းရပ်သွားရသည်

ရောင်နီချက်ချင်းပင် တစ်သျှူးယူပြီး သူ့နှဖူးစပ်ကချွေးတွေကိုသုတ်လိုက်သည်

နွေရှင်းမိုင် လက်ကိုပြန်ရုတ်လိုက်ရင်း မူလအတိုင်း အိန္ဒြေဆယ်ရင်းထိုင်လိုက်သည်.....

"မျက်၀န်းပြာ"Where stories live. Discover now