"ဟျောင့်... ထယ်ယောင်း ဟို chemistry ဆရာက ကျောင်းပြောင်းသွားပြီတဲ့။ မနက်ဖြန်ဆရာအသစ်လာ မယ်လို့ပြောတယ်။ "
"အဲ့တာသူတို့ကိစ္စလေ၊ ငါနဲ့ဘာဆိုင်လို့လဲ"
ကင်မ်ထယ်ယောင်း ကတော့ ဆေးလိပ်ဖွာရင် ခပ်ပြတ်ပြတ် ပြန်ပြောလိုက်လေသည်။
>>>>>>>>>
"ဆရာ မနက်ဖြန်မှ စပြီစာလာသင်မယ်ထင်နေတာ၊ ဒီနေ့ဘဲစသင်တော့မလို့လား"
"ဟုတ်ကဲ့ အရင်ဆရာလဲ ထွက်သွားပြီဆိုတော့ ဒီနေ့ဘဲ စပြီ သင်လိုက်တော့မလားလို့ပါဗျ။
"ဆရာ့အမည်က ...."
"ဂျွန် ဂျောင်ကုပါ။ "
"အာ့ ဟုတ်တယ် ဂျွန်ဂျောင်ကု.... နောက်လဲ တခုခုလိုအပ်တာရှိရင် အချိန်မရွေးပြောပါဆရာ၊ ဆရာစာသင်ရမယ့်အခန်းက ကျောင်းသားတွေက နည်းနည်း ပြောရခက်တော့ ဆရာကဘဲ ကြည့်ပြီး ထိန်းကြောင်းပေးပါအုံး။ "
"အရင်ဆရာက အဲ့အခန်းရဲ့ အတန်းပိုင်ဆရာဆိုတော့ အခု
ဆရာ ဂျွန်ဂျောင်ကု က အဲ့အခန်းရဲ့ အတန်းပိုင်ဖြစ်သွားပါပြီ။ အခန်း က ညာဘက် အဆောင်က အခန်း A-1ပါ ဆရာ။ ""ဟုတ်ကဲ့၊ ကျတော့်ကို ခွင့်ပြုပါအုံး။ "
"ကောင်းပါပြီ ဆရာ။ "
ဂျောင်ကုလဲ ကျောင်းအုပ်ကြီး ရုံးခန်းမှ ထွက်လာပြီးနောက် စာသင်ရမည့်အခန်းသို့ သွားလေသည်။
ခနကြာသောအခါ အခန်းသို့ရောက်လေသည်၊ အခန်းသို့ရောက်သည်နှင့် blackboard ၌ ကျောင်းသားများ ရေးခြစ်ထားသည်များကို ဖျက်နေလေသည်။ ပြီးနောက် ကျောင်းသားတွေဘက်လှည့်လိုက်ပြီး
" ကဲ အားလုံးဘဲ ဆရာအမည်က
ဂျွန်ဂျောင်ကုပါ ၊ ဒီနေ့ကစပြီး chemistry ဘာသာရပ်ကို သင်ပေးမယ့်ဆရာအသစ်ပါ၊ တနည်းအားဖြင့် မင်းတို့ရဲ့ အတန်းပိုင်ဆရာပါ။ "ကျောင်းသားတွေဘက်မှ ဘာတုံ့ပြန်မှုမှ မလာဘဲ ခနတိတ်သွားပြီး ပြန်ကာ စကားများနေလေတော့သည်။
ဂျောင်ကုလဲ စိတ်အတက်နိုင်ဆုံးထိန်းပြီး ခုံအား ပေတံဇောင်းနှင့် ရိုက်လိုက်ကာ