ထယ်ယောင်း လဲ ဂျောင်ကု ဆီသို့ တလှမ်းချင်တိုးလာလေသည်။
"ကျောင်းသား... ကျောင်းသား ဘာလို့ ..."
ဂျောင်ကု စကားမဆုံးခင်မှာပင် နှုတ်ခမ်းသားနှစ်ခု တထပ်ထဲ ကျသွားလေသည်။
"အင့်.. အွတ်။ "
"ဆရာ..နောက်တခါ ဆေးလိပ်တွေ မသောက်နဲ့။ "
"ဘာ..ဘာလို့လဲ။ "
"ဆရာ ဆေးလိပ်တခါသောက်တိုင်း ကျတော့်ကို နမ်းရမယ်။ "
"ဆရာ ကျတော့်ကို မနမ်းချင်ရင် မသောက်နဲ့။ "
ထိုအချိန် ဂျောင်ကု အိပ်ကပ်ထဲမှ ဆေးလိပ်တလိပ်အား ထုတ်ကာ မီးညှိ ပြီး ရှိုက်သွား လိုက်လေသည်။
" ဒီဆေးလိပ်က နောက်ဆုံး တလိပ်မဟုတ်ဘူး၊ နောက်နေ့တွေလဲ ထပ်သောက်နေအုံးမယ်။ ဘာလို့လဲဆိုတော့ ဆေးလိပ်တခါသောက်တိုင်း မင်းကို နမ်းချင်လို့။ "
"ဂျောင်ကုလဲ လျှာအား ပါးစောင်သို့ ထိုးထိုသို့ပြောပြီ ထယ်ယောင်း၏ မေးစေ့အားလှမ်းဆွဲ လိုက်ပြီး နှုတ်ခမ်းချင်ထိကပ်ထား လိုက်လေသည်။
"ထယ်ယောင်း.. ဆေးလိပ်သောက်ချင်လား။ "
"မသောက်ချင်ဘူး၊ ဆေးလိပ်နံ့သင်း နေတဲ့ ဆရာ့နှုတ်ခမ်းကိုဘဲ နမ်းနေချင်တယ် အဟက်!!"
ထို့နောက် ဂျောင်ကုလက်ထဲမှဆေးလိပ်အား ကြမ်းပြင်သို့ပစ်ချပြီ ခြေထောက်နှင့်ချေ လိုက်လေသည်။
ထယ်ယောင်းလဲ ဂျောင်ကု၏ မျက်နှာအား လှမ်းဆွဲ လိုက်ပြီး နမ်းလေတော့သည်။
အနမ်းတို့ကာ ရမ္မက်ပြင်းပြနေပြီး
ဂျောင်ကု အင်္ကျီအား ဆွဲဖြဲ လိုက်လေသည်။"ထယ်ယောင်း... တော်ပြီ ပြန်တော့ အိမ်ကို။ "
"မပြန်ဘူး၊ ကျတော် ဆရာ့အိမ်မှာ အိပ်မယ်။ "
ထိုသို့ပြောပြီး ဂျောင်ကုလက်အား လှမ်းဆွဲပြီး ထပ်နမ်းမည်။ လုပ်ပေမဲ့ ဂျောင်ကုမှ တွန်း ထုတ်လိုက်ပြီး နောက်
"အိပ် အဲ့မှာဘဲအိပ်၊ "
ထိုသို့ပြောပြီး အခန်းထဲ ဝင်သွားလေသည်။
ထယ်ယောင်းလဲ ပါးစောင်အား လျှာနှင့်ထိုးလိုက်ပြီးနောက် ဆိုဖာ ပေါ်၌ လှဲချလိုက်လေသည်။
>>>>>>>>>>>>>>>>
အချိန်ကာ ည (၁၂) နာရီ အတိ
ဂျောင်ကုလဲ ရေသောက်ချင်သောကြောင့် အခန်းအပြင်သို့ ထွက်လာသောအခါ ဆိုဖာပေါ်၌ ကွေးကွေးလေး အိပ်နေသော ထယ်ယောင်း....
အခန်းထဲမှ စောင် အားသွားယူပြီနောက် ထယ်ယောင်း၏ ကိုယ်ပေါ်၌ ခြုံထားပေးလိုက်လေသည်။
ထယ်ယောင်း၏ မျက်လုံးပေါ်ထိ အုပ်ကာ ကျနေသော ဆံနွယ်များအား နဖူးပေါ် သပ်တင် ပေးလိုက်ပြီးနောက် ထသွားမည်အလုပ်တွင်
လက်အားလှမ်းဆွဲ ခံလိုက်ရလေသည်။
"ဆရာ... ဘယ်သွားမလို့လဲ။ ဆရာအရင် လာစတာနော်။ "
"ငါ ဘယ်မှာစလို့လဲ၊ မင်းအေးနေမှာဆိုးလို့ စောင်လာခြုံပေးတာ။ "
ထယ်ယောင်းလဲ ထထိုင်လိုက်ပြီးနောက် ဂျောင်ကုအား ဆိုဖာပေါ် ဆွဲလှဲ လိုက်ကာ
"ဂျောင်ကု... ကျတော့်ကို နောက်နှစ်အတန်းအတွက် ကျူရှင်သင်ပေးမလား၊ ကျတော်သေချာကြိုးစားမယ်။ "
" မင်းဆန္ဒရှိရင်သင်ပေးမယ်။ "
"ကျတော်...... အခုလဲ ဆန္ဒရှိနေတယ်၊
ဆရာ့ကို နမ်းဖို့။ "ထိုသို့ပြောပြီး ဂျောင်ကု၏ ပါးပြင်လေးအား လက်နှင့်ဖွဖွလေးကိုင်ကာ နှုတ်ခမ်းပါးပါးလေးအား ရမ္မက်ပြင်းစွာ နမ်းရှိုက်လေသည်။
ဂျောင်ကုလဲ အနမ်းတို့အား ပြန်တုံ့ပြန်လိုက်ပြီးနောက် နှစ်ယောက်သာ ရမ္မက်ပြင်းပြစွာ နမ်းရှိုက်နေတော့သည်။
>>>>>>>>>>>>>>>
ဆိုဖာပေါ်၌ အိပ်ပျော်နေသော ထယ်ယောင်း ..... နိုးလာလာချင် လိုက်ရှာ မိနေသူကာ ဂျောင်ကု ကိုပင်။
အခန်းထဲမှ ထွက်လာသော ဂျောင်ကု...
"ဆရာ.. ဘာလို့အစောကြီး နိုးနေတာလဲ။ "
" မနက်စာလုပ်ရအုံးမယ်လေ။"
"မနက်စာလား၊ မစားတော့ဘူး ပြန်တော့မယ်။ "
ထိုသို့ပြောပြီး ကောက်ခါငင်ကာ ထပြန်သွားသော ထယ်ယောင်း...
ခနကြာသောအခါ ပြန်ဝင်လာပြီ ဂျောင်ကုအား အနောက်မှ သိုင်းဖက်လိုက်လေသည်။
"ဂျောင်ကု... ညကျရင် ထပ်လာခဲ့မယ်၊ ကျတော် နေ့တိုင်းလာခဲ့မယ်၊ ကျတော့်ကို စာသင်ပေးနော်။ "
"အင်း..အင်း သင်ပေးမယ်။ "
Taekook is my real happiness.
_Yuna Jeon.