မနက်ခင်းအစော ကျောင်း၌ ကျောင်းသားများ၏ လှုပ်လှုပ်ရှားရှား ပုံရိပ်များနှင့်အတူ အသက်ဝင်နေလေသည်။
"ဆရာ!! ဒီမှာဆရာ့အတွက် milk tea ..."
"ကျေးဇူးပါ ဆရာမ ဂင်။ "
"ဆရာ ဒီနေ့ A-1ကို မနက်ခင်း အချိန် ရှိတယ်မဟုတ်လား။ "
"ဟုတ်တယ်ဗျ၊ "
"ဒါဆို ကျတော့်ကိုသွားခွင့်ပြုပါအုံး။ "
"ကောင်းပါပြီဆရာ။ "
ဂျောင်ကုလဲ အခန်းထဲသို့ရောက်သည်နှင့် သူ့အား လုံးဝ ဂရုမစိုက်သော ကျောင်းသားများနှင့် ထပ်မံကာဆုံရပြန်သည်။
ထိုထဲမှနေ၍
"အားလုံး တိတ် တိတ်နေကြစမ်း!! ဆရာစာသင်တော့မယ်။ "
ထိုအသံကာ ကင်မ်ထယ်ယောင်း ပင် ဖြစ်သည်။ ထယ်ယောင်းလဲ ထိုသို့ပြောပြီး အတန်းရှေ့သို့ ထွက်လာလေသည်။
"ဆရာ! ညနေ ကျောင်းဆင်းရင် ကျတော် ပြန်လိုက်ပို့ပေးမယ်။ "
"ရတယ်၊ ကိုယ့်ဘာသာအိမ်ပြန်မယ်။ "
"ဆရာ! အခုအခန်းထဲမှာ ကျောင်းသားတွေအများကြီးရှိနေတယ်နော်၊ ဆရာနဲ့ စကားမများချင်ဘူး။ "
ဂျောင်ကု ကတော့ ဘာမှထပ်မပြောဘဲ blackboard ဘက်လှည့်ကာ စာရေးရန်ပြင်လိုက်လေသည်။
"ဟက်!! ဆရာ မမေ့နဲ့နော်၊ ညနေ ကျတော်အိမ်ပြန်လိုက်ပို့မယ်။ "
ထယ်ယောင်းလဲ သူပြောချင်တာပြောပြီးသောအခါ ခုံ၌ သွားပြန်ထိုင်နေလေသည်။
ဂျောင်ကုကတော့ နှာခေါင်းရိုးပေါ်သို့ကျနေသော မျက်မှန်အား လက်ညိုး လက်ခလယ်တို့အားအသုံးပြုကာ အပေါ်သို့ ပင့်တင်လိုက်ပြီးနောက် စာသင်စရာရှိတာသာ ဆက်သင်နေလေသည်။
>>>>>>>>>>>>>>>
အချိန်ကာ ကုန်ဆုံးမှု မြန်ဆန်လှလေသည်။ သုံးလတာ အချိန်ကာ ခနလေးနှင့်ကုန်ဆုံးသွားလေသည်။"ထယ်ယောင်း ဒီနှစ်နွေရာသီ အပန်းဖြေခရီးဘယ်သွားမှာလဲ။ "
"ဘယ်မှမသွားချင်ဘူး။ "
"ဟာ!! မင်းကလဲကွာ၊ နွေ ပိတ်ရက်လေးအပြင်ထွက်ရတာကိုကွာ။ "
"ပြောမနေကြနဲ့ ဟျောင့်တို့ရေ!!! ဒီကောင်ကြီးက ဆရာပေါက်စလေး ရှိရာနေရာကနေ ဘယ်ကိုမှ ရွေ့ချင်တာမဟုတ်ဘူး။ "