"ဆရာ ပြောတော့ bike မစီးတတ်ဘူးဆို အခုကျတော့......."
" ကင်မ်ထယ်ယောင်း.... မင်းဘာလို့အမြဲ ရန်ဖြစ်ချင်နေရတာလဲ။ မင်းကိုအခုလိုပြောတော့ ကောင်းလား ဟမ်!!!!!"
" မဟုတ်ဘူးလေ... အခုက ဆရာ ရန်ဖြစ်လာတာ မဟုတ်ဘူးလား။"
" ကျတော့်ဘာသာဆိုရင် bike ပြိုင်မောင်းလိုက်ရင် ရနေပြီလေ၊ အခုက ဆရာက....."
" မင်းကြောင့်လေ... မင်းကြောင့် ငါ ဘယ်လောက်ဒေါသထွက်နေလဲဆိုတာ မင်း မသိပါဘူး"
" ကျတော့်ကြောင့်.... ကျတော်ဘာလုပ်မိလို့လဲ ဆရာ။"
ဂျောင်ကုလဲ ဆိုင်ကယ်အား ရပ်ကာ အောက်သို့ဆင်းလိုက်လေသည်။ ထိုအခါ ထယ်လဲ လိုက်ဆင်းပြီ။
" မင်းတကယ်မသိတာလား ဟမ်!!! ကင်မ်ထယ်ယောင်း....."
" ဆရာ..... ကျတော့်ကိုဘာလို့အော်နေတာလဲ၊ ကျတော်မသိဘူး... ဆရာပြောပြမှသိမှာပေါ့။"
" မင်း.... မင်း ကို ဟိုကောင် ပြောသွားတာ မကြားဘူးလား ၊ မင်းနားလေးနေလို့လား ဟမ်!!!!"
"ကျတော်ကြားပါတယ်..... ဒါပေမဲ့ ကျတော်တို့က ယောကျ်ားလေးတွေလေ သူတို့က ပါးစပ်စည်းမရှိလို့ပြောတာဘဲ..... ဒီကောင်တွေက ဒီလိုဘဲ မဟုတ်ဘူးလား ဆရာ။"
" ကင်မ်ထယ်ယောင်း.... ငါ့အတွက် အဲ့ ကိစ္စ က..... ဘယ်လောက်ဒေါသ ထွက်စေတယ် မှတ်လဲ၊ မင်းအတွက်ဘာမှ မဟုတ်ပါဘူး ဆိုတဲ့ ကိစ္စကလေ...."
"ဆရာ...က ဘာလို့ ကျတော့် အတွက် ဒေါသ ထွက်နေရတာလဲ။"
" ငါ.. မင်း ကို.......ထားလိုက်တော့ အိမ်ပြန်မယ် နောက်ကျနေပြီ။"
ဂျောင်ကု တဖက်သို့ လှည့်မည် အလုပ်တွင် ထယ်ယောင်းမှ ဂျောင်ကု ၏ လက်အားလှမ်းဆွဲလိုက်လေသည်။ ဂျောင်ကု လဲ ထယ်ယောင်းအား လှည့် အကြည့် တွင် ထယ်ယောင်းမှ ဂျောင်ကု ၏ နှုတ်ခမ်းပါးလေးအား လှမ်းနမ်းလိုက်လေသည်။
" ထယ်ယောင်း..... ဒါက ဘာသဘောလဲ။"
" ဘာသဘောမှ မပါဘူး.... ကျတော့်ကို စိတ်ပူပေးလို့ ဆုချတာ။ ပြန်ကြတာပေါ့။"
ထယ်ယောင်းလဲ ဆိုင်ကယ်မောင်းသူ နေရာတွင်ထိုင်လိုက်ပြီးနောက် ဂျောင်ကုအား ဆိုင်ကယ် ဦးထုပ်လှမ်းပေးလိုက် သူ၏အနောက်၌ထိုင်စေလေသည်။
