ကားပြိုင်ကွင်းထဲ၌ အရှိန်ပြင်းစွာ မောင်းနှင်နေသော ကားနှစ်စီး၊ ရုတ်တရက် ကင်မ်ထယ်ယောင်းမှ ကားရပ်လိုက်ပြီး နောက် ကားပေါ်မှဆင်းလိုက်လေသည်။
တဖက်ကားပေါ်မှ လူလဲ ကားအားရပ်လိုက်ပြီးနောက်
"ဟိတ်! ဘယ်လိုလဲ အလှလေး ကို့ကို အရှုံးပေးလိုက်ပြီလား။ "
"ဟျောင့်!! မင်းဆင်းလာခဲ့ ကားပေါ်ကနေ၊ ေ*ာက်ရေးမပါတဲ့စကားတွေ ပြောမနေနဲ့။ "
"ဟားး ဟုတ်ပါပြီ ဆင်းခဲ့ပါ့မယ်။ "
"မင်းကဘာလဲ ဟမ်!! ငါဘယ်သူလဲ မင်းသိလား၊ ဘယ်လို ေ*ာက်ချိုး လာချိုးနေတာလဲ။ "
ထယ်ယောင်းတယောက် ထိုသူ၏ အင်္ကျီကော်လံအားဆွဲကာ ပြောနေလေသည်။
"မင်း ဘယ်သူလဲ၊ ကိုသိပါတယ်။ ကိုဘယ်သူလဲတော့မင်းမသိဘူးမဟုတ်လား။ "
"မင်းက ဘာကောင်မို့ငါက မင်းကိုသိရမှာလဲ ဟမ်!! ငါဘယ်သူလဲ သိတာတောင် ဘယ်လို ချီးစကားတွေ လာပြောနေတာလဲ ကွ။ "
ထယ်ယောင်းစကားဆုံးသည်နှင့် ထယ်ယောင်း၏ ခပ်ပြင်းပြင်း လက်သီး တစ်ချက်ကာ ထိုသူ၏ မျက်နှာပေါ်သို့ကျသွားလေသည်။
ထို့နောက်ထိုသူ၏ maskအား ဆွဲချွတ် လိုက်သောအခါ ထယ်ယောင်းသာမက ထယ်ယောင်းသူငယ်ချင်းတွေပါ အံ့ဩပြီးရင်အံ့ဩကုန်ကြလေသည်။
"ဟမ်!! ဆရာ... Chemistry ဆရာ မဟုတ်လား။ "
"Chemistry ဆရာ ....ဟားး ကိုက ကျောင်းတုန်းကစာတော်တာ မှန်ပေမဲ့ chemistry ကိုတော့ အတော် ညံ့ခဲ့တယ်"
"ခနဲ့သော ရယ်သံဖြင့်ဖြေလာသော ထိုသူကြောင့် ထယ်ယောင်းပိုဒေါသထွက်သွားပြီး ထိုသူ၏ ကော်လံအား ဆွဲလိုက်ပြီးနောက်
"ဒါဆို မင်း..မင်းဘယ်သူလဲ ပြော မင်း အမည်ဘယ်သူလဲ။ "
"အာ့ ကိုအမည်လား၊ ဂျွန်မင်ဂရောင်း "
ထယ်ယောင်း ဘာမှနားမလည်နိုင်တော့ပေ။ ထိုသူ...ထိုသူကာ chemistry ဆရာ ဂျွန်ဂျောင်ကုနှင့် ရုပ်ချင်းခွဲမရအောင်တူနေလေသည်။ အကြောင်းကာ....
"နေအုံး... ခုနကပြောတဲ့ ဆရာဆိုတာ သူ့အမည်က ဂျွန်ဂျောင်ကုလား။ "
