5

171 12 2
                                    

"ထယ်ယောင်း ထပ်လာပြန်ပြီလား။ "

"ဆရာက ကျတော့်ကို မလာစေချင်လို့လား၊ ကျတော် ဆရာ့အတွက် မုန့်ဝယ်လာတယ်။ "

"တကူးတကကြီး ယူလာစရာမလိုပါဘူး၊ နောက်ပြီးမလာစေချင်တာမဟုတ်ဘူး။"

" ကျတော်နဲ့အတူ bike စီးမလား။ "

"မင်းက စီးတတ်လို့လား။ "

"အင်း စီးတတ်တယ်။ ဆရာ လိုက်မယ်မဟုတ်လား။ "

"ခနလေး အကျီသွားလဲ အုံးမယ်။ "

ဂျောင်ကုလဲ အခန်းထဲဝင်သွားပြီး အကျီလဲနေတဲ့အချိန် အခန်းတံခါးမှ ရုတ်တရက်ပွင့် သွားပြီး ဝင်လာသူ ထယ်ယောင်း။ "

"မင်း..မင်း တံခါးလဲ မခေါက်ဘဲ ဘာလို့ဝင်လာတာလဲ။ "

"တံခါးပွင့်နေတယ်လေ ဒီမှာ။ "

ဂျောင်ကုလဲ တံခါးသေချာမပိတ်မိလိုက်သောကြောင့် ကိုယ့်ခေါင်းကိုယ် တချက်ခေါက်လိုက်ပြီး

"ငါသေချာ မပိတ်မိလိုက်တာ။ ဘာပြောမလို့လဲ ပြီးမှပြောလဲရတာကို။ "

" ဆရာ့ အိမ်မှာ မနေ့ကတွေ့တဲ့ bike ဦးထုပ်ရော။ "

" အဲ့...အဲ့တာ ရှိတယ် ဘာလုပ်မလို့လဲ။ "

"Bike ရောရှိတယ်မဟုတ်လား။ "

"မရှိ...အင်းရှိတယ်။ "

"အတူပြိုင်စီးမယ်လေ။ ဆရာယုံကြည်ချက်ရှိလား။ "

" ငါမစီး တတ်ပါဘူး အဲ့တာ ဟို...ဟို ငါ့ညီ ဟုတ်တယ် အဲ့တာငါ့ညီ ရဲ့  bike. "

" ဒါဆို ကျတော့်နောက်ကလိုက်စီး ရတယ်မဟုတ်လား။ "

"အင်း...အင်းရပါတယ်။ "

"အပြင်ထွက်တော့လေ ငါ့အဝတ်အစားလဲမလို့။ "

"အာ့..... အပြင်ကစောင့်နေမယ်။ "

"အွန်း...."

~~~~~~~~~~~~~~~~~

"ပြီးပြီ သွားမယ်လေ။ "

"အွန်း လာသွားမယ်။ "

~~~~~~~~~~~~~~~~~~
" ရော့ ဦးထုပ်ဆောင်းလိုက် ...."

ဂျောင်ကုလဲ ဦးထုပ်ဆောင်းပြီးသောအခါ ဆိုင်ကယ် အနောက်မှ ခွထိုင်လိုက်ပြီး ထယ်ယောင်း၏ အကျီစ အား လက်နှင့် ဆွဲကိုင်ထားလေသည်။

" အကျီကို မကိုင်နဲ့ ခါးကိုဖက်ထား။ "

ထိုသို့ပြောပြီး ဂျောင်ကု၏ လက်နှစ်ဖက်အား သူ၏ ခါးပေါ်သို့ တင်ထားလိုက်လေသည်။

"ရပါတယ် ငါမင်းပုခုံး ကိုဘဲ ကိုင်ထားမယ်။"

"အာ့ ဆရာကတော့ ခါးကိုဘဲဖက်ထား ပြုတ်ကျသွားရင်ဘယ်လိုလုပ်မလဲ။ "

"အင်း"

ခနကြာသောအခါ ကားတစ်စီးမှ သူတို့ ဆိုင်ကယ်နားသို့ ကပ်လာလေသည်။

"ဟေ့!!! အလှလေး နှစ်ယောက် ကိုတို့နဲ့လိုက်ခဲ့မလား။ ဈေးကောင်းပေးမယ်။ "

"ဘယ်လိုလူတွေလဲ ကွ၊ "

ထို့နောက် ထိုကား ကာ သူတို့နှစ်ယောက်၏ဆိုင်ကယ်ရှေ့ ပိတ်ရပ်လိုက်လေသည်။

"အားး ရှစ်!!! သေချင်နေတာလား။ "

"အိုးဟို!!! အလှလေးက ယောက်ျားလေးဘဲ ယောက်ျားလေး ဆိုလဲ ပြဿနာမရှိပါဘူး ကို ဈေးကောင်းပေးမယ် လိုက်ခဲ့မလား။"

"ထိုသို့ပြောပြီး ထယ်ယောင်း၏ လက်အား လှမ်းဆွဲလိုက်လေသည်။ ထိုအချိန်

" ဘယ်ကိုလာပြီး လက်ဆွဲနေတာလဲ လွှတ်လိုက်စမ်း အခု။ "

ထိုအသံကာ တခြားသူမဟုတ်
ဂျွန်ဂျောင်ကု ဆီမှ လာသောအသံပင်ဖြစ်သည်။

"မင်းက သူ့ပိုင်ရှင်လား၊ ဒါဆို တစ်ညလောက်ငှားပါလား၊မင်းရဲ့ အလှလေးကို သေချာပြုစုပေးမယ် လို့ ဂတိပေးတယ်။ "

"မင်း သောက်စကားပြောတာ ရိုင်းလှချည်းလား။ "

ထိုသို့ပြောပြီး ထိုသူ၏မျက်နှာပေါ်သို့ ကျသွားသော လက်သီးတချက်။ "

"ဆက်ပြောအုံးလေ မင်းလို သောက်ဆင့်နဲ့များ ဘယ်ကိုလာပြီး ရိုင်းစိုင်းနေတာလဲ။ "

မျက်လုံးအပြူးသားနဲ့ မယုံကြည်နိုင်ကြည့်နေသူကာ ထယ်ယောင်း။

" ထယ်ယောင်း ဦးထုပ် ပြန်ဆောင်းလိုက် လာသွားမယ်။ "

"နေ..နေအုံးလေ ဆရာ ဆိုင်ကယ် မမောင်းတတ်ဘူးဆို။ "

"တက်ဆိုင်ကယ်ပေါ် "

ထိုသို့ပြောပြီး ထယ်ယောင်းဆိုင်ကယ်ပေါ် ရောက်သောအခါ ထယ်ယောင်း၏ လက်နှစ်ဖက်အား သူ၏ခါးပေါ်သို့ တင်ကာ ဖက်ထားစေလေသည်။ ထို့နောက်ဆိုင်ကယ်အား မောင်းကာ ထွက်သွားလေသည်။

_Yuna Jeon.
Taekook is my real happiness.

My Teacher (Short )Where stories live. Discover now