𝐒𝐡𝐞 𝐰𝐚𝐬 𝐟𝐫𝐨𝐦 𝟏𝟗𝟎𝟎
"တို့ စန္ဒယားတီးတာကို မင်း သေချာနားထောင်ပေးမယ်မလား "
ဝမ်ယိ ဖြေးညင်းစွာ ခေါင်းညိတ်ပြတော့ ကျေနပ်သွားဟန်နှင့် သူ၏မူပိုင် အပြုံးနှင့် ပြုံးကာပြသည်။
သူနဲ့ပတ်သက်ပြီး ဘာတစ်ခုမှမသိတဲ့ လူတစ်ယောက်ကိုတောင် ကျေကျေနပ်နပ်ကြီး နစ်ဝင်သွားစေမယ့် အပြုံးမျိုးနဲ့ပေါ့။
စန္ဒယားခုံနှင့် မနီးမဝေးနေရာရှိ နံရံတွင် ကျောအပ်ကာမှီလိုက်ပြီး ထိုမိန်းကလေးပုံဖော်မည့် တေးသွားများကို နားဆင်ရန် အသင့်အနေအထားဖြစ်နေသည်။
အင်း...သိပ်ကိုလှပတဲ့ တေးသွားတွေ။
စန္ဒယားပိုင်ရှင်လေး ဖန်တီးတဲ့ တေးသွားတွေသာ သက်ရှိထင်ရှားရှိမယ်ဆိုရင် ပိုင်ရှင်လိုပဲ လှပနေဦးမှာ။စန္ဒယားပိုင်ရှင်ထက်တော့ လှပနိုင်မှာမဟုတ်ပေမယ့် သူ့ လောက်နီးပါး ကျက်သရေရှိပြီး တင့်တယ်နေမှာ မလွဲပဲ။
တီးခတ်မှုအပြီးမှာ ခေတ္တမျှ ငြိမ်သက်နေတဲ့ လူအုပ်ကြီးထံမှ ချီးကျူသံများ ဟိုတစ်ပေါက်ဒီတစ်ပေါက်နှင့် ထွက်လာလေသည်။
စန္ဒယားပိုင်ရှင် အင်း...ဆိုဖီယာက နှုတ်နဲ့ချီးကျူးစရာစကားမရှိလောက်အောင်ထိကို တော်လွန်းပါတယ်။
ကိုယ့်ထက် တစ်နှစ်လောက်ပဲ ကြီးတာဆိုတော့ စကားပြောတဲ့အခါကြ အစ်မလို့ပဲ သုံးရမလား။ နင်နဲ့ငါ ပဲ သုံးရမလား။
ရင်းနှီးနေတာလည်းမဟုတ်ဘဲ အခုမှ တွေ့ဖူးတဲ့သူကို အစ်မလို့ တရင်းတနှီးသုံးတာက သူကြိုက်မှကြိုက်ပါ့မလား။ အစ်မ ဆိုဖီယာလို့ ခေါ်သင့်လား။လားပေါင်းများစွာနဲ့ ကိုယ့်ဘာသာ မေးခွန်းတွေထုတ်နေရင်းနှင့် ချောင်တွင် တစ်ယောက်ထဲ အလုပ်ရှုပ်လျက်ရှိသည်။
"လိုက်ရှာလိုက်ရတာ...
ပြန်များသွားပြီလားလို့ "ကိုယ်ပြန်သွားမှာကို စိုးရိမ်နေတဲ့ သူ့မျက်ဝန်းတွေက လိမ်ပြောနေခြင်းမဟုတ်ကြောင်း သက်သေပင်။
"လူတွေနဲ့ ရောရောထွေးထွေးမနေတတ်လို့ပါ
ဒီနေရာလေးက လူရှင်းပြီး ဆိုဖီယာ တီးတဲ့ စန္ဒယားသံကိုလည်း ရှင်းရှင်းလင်းလင်းနဲ့ သေချာကြားရတယ်လေ "