-8-

95 8 2
                                    

𝐒𝐡𝐞 𝐰𝐚𝐬 𝐟𝐫𝐨𝐦 𝟏𝟗𝟎𝟎

သစ်ပင်တွေက ဘေးပတ်ပတ်လည်ကို ဝန်းရံထားသည်ကြောင့် နားခိုလျက်ရှိသော ကျေးငှက်တို့၏ အော်သံကို အဖေ့အိမ်မှာ နေတုန်းကထက် သုံးဆလောက် ကျယ်လောင်စွာကြားနေရသည်။

ဆက်အိပ်မရမယ့်အတူတူ အိပ်ရာကနေထလိုက်ပြီး အပျင်းကြောတစ်ချက်ဆန့်ကာ အာသမ်းမိသည်။

ကုတင်အောက်ကို တစ်ဝက်ကျနေပြီဖြစ်တဲ့ စောင်အား ကောက်ယူဟန်ပြင်လိုက်စဥ် ညစ်ပတ်မည်းသည်းနေသည့် မိမိ၏ ခြေထောက်ကြောင့် မျက်လုံးပြူးသွားရသည်။

ခြောက်စပြုနေပြီဖြစ်တဲ့ ရွှံ့စေးတွေက အိပ်ရာပေါ်မှာ အိပ်နေတဲ့ မိမိခြေထောက်ပေါ် မည်သို့မည်ပုံ ရောက်လာပုံအား မစဥ်းစားတတ်တော့ပေ။

ထုံကျင်နေတဲ့ ခေါင်းအား တစ်ခုခုကို မှတ်မိလိုမှတ်မိငြား အလုပ်ပေးမိတော့ ဝေဝါးနေသည့် ပုံရိပ်တစ်ချို့ကို မျက်လုံးထဲ ပြန်မြင်ယောင်လာသည်။

"တို့ကို ကယ်ပေးမယ်မလား... "

ကျိုးရှစ်ယွီ...။

နှုတ်ကနေ စန္ဒယားပိုင်ရှင်နာမည်လေးကို တိုးညှင်းစွာရေရွတ်မိတော့ မျက်ရည်ပေါက်တစ်စက်ဟာ ဝမ်ယိကိုယ်တိုင်တောင် မသိလိုက်ပါဘဲ အခွင့်အပြုမဲ့ ပါးပြင်ပေါ် လိမ့်ဆင်းလာသည်။

🗝

မနက်နိုးနိုးလာချင်းတုန်းက ခန္ဓာကိုယ်ကိုတောင် မသယ်နိုင်သည့်အခြေအနေမို့ တစ်ရေးလောက်ထပ်အိပ်လိုက်ရာ ညနေစောင်းမှ နိုးလာသည်။

ဒီတစ်ခါတော့ ခေါင်းတင် ကိုက်ခဲနေတာမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးပါ ထုံကျင်နေသည်။
အထူးသဖြင့် ခြေသလုံးကြွက်သားတွေပေါ့။
ဝေးဝေးလံလံနေရာတစ်ခုကို အလောတကြီး ပြေးခဲ့ရသည့်ပုံစံနှင့် အတော်လေးကို ညောင်းညာ ကိုက်ခဲနေသည်။

စတိုးဆိုင်ကနေ အကိုက်အခဲပျောက်ဆေးတစ်ချို့ကိုပါ အဆာပြေမုန့်နှင့်အတူ တွဲဝယ်လိုက်သည်။

"နေမကောင်းဘူးလား "

စကားတွေရှည်ရှည်ဝေးဝေးပြောမနေချင်တာမို့ ရှန်မုန့်ယောင်ရဲ့အမေးကို ခေါင်းညိတ်ရုံသာလုပ်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Feb 24 ⏰

Add this story to your Library to get notified about new parts!

She was from 1900Where stories live. Discover now