𝐒𝐡𝐞 𝐰𝐚𝐬 𝐟𝐫𝐨𝐦 𝟏𝟗𝟎𝟎
"မင်းကို တို့ကျေးဇူးတင်တယ် သိလား"
"...."
"မီးဆိုင်းအောက်ကို ရောက်သွားမယ့် တို့ကို ပြေးထွက်မသွားအောင် တို့လက်ကို ဖမ်းဆွဲပေးခဲ့တဲ့အတွက်ပေါ့"
တစ်ချိန်လုံး စန္ဒယားပိုင်ရှင်ရဲ့လက်ကိုဖမ်းဆွဲပေးချင်ခဲ့တာပါလို့ပြောရင် သူ့အကျင့်အတိုင်း ခပ်ရေးရေးလေး ပြုံးပြပေးဦးမှာလား။
"မင်း တို့ကို မကြောက်ဘူးလားဟင်"
"ဟင့်အင်း"
"တို့က လူတွေအကြောက်ကြဆုံး ဖြစ်တည်မှုနဲ့ တည်ရှိနေတာတောင်မှလေ..."
"ရှင်နဲ့ပတ်သက်ပြီး ကြောက်တဲ့စိတ် ကျွန်မမှာမရှိဘူး"
လေဟာနယ်ထဲ လွင့်ပျံနေတဲ့ ဒီခံစားချက်။
ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးနေပြီး မြေဆွဲအားမရှိတဲ့အတိုင်း။ ဘာကိုမှ ချုပ်နှောင်ထားစရာ သယ်မထားစရာမလိုတဲ့ အပေါ့ပါးဆုံးဖြစ်နေအောင် ဘယ်အရာတွေကများ စွမ်းဆောင်ထားပါလိမ့်။
ဝိုးတဝါးဖြစ်နေတဲ့ စန္ဒယားပိုင်ရှင်ရဲ့သွင်ပြင်ကို ဝမ်ယိ အားစိုက်ကြည့် သော်လည်း မရ။
မပီမပြင်နဲ့ သေချာမမြင်ရတဲ့ အခြေအနေမှာတောင် သူ့ရဲ့အလှက တစ်စက်လေးမှတောင် လျော့ရဲသွားခြင်းမရှိ။"တို့ကိုယ်တိုင်တောင် စဥ်းစားလို့မရတဲ့ ဖြစ်ရပ်တွေ ရှိတယ်"
"ရှင်- "
တိုးတိုးလေးရေရွတ်လိုက်တဲ့ သူ့စကားက ဝမ်ယိနားထဲ လုံးထွေးနေခဲ့သည်။
🗝
"စကားပြောဖော်မလိုချင်ဘူးဆိုပြီး နှုတ်ကနေသာ ငြင်းနေတာ ၊ လက်တွေ့ကြတော့ မနက်တိုင်း ကျွန်မဆီ ရောက်လာနေပါ့လား "
"အပျင်းကျပြီး အိမ်နဲ့နီးတဲ့ ဆိုင်ကို လာတာ
ရှင့်ဆီလာတာမဟုတ်ဘူး ရှန်မုန့်ယောင် "အိပ်မက်လေဟာနယ်ထဲမှာ စန္ဒယားပိုင်ရှင်နဲ့စကားအနည်းလောက်ပြောခဲ့အပြီးထဲက သူ ဝမ်ယိရဲ့ အိပ်မက်တွေဆီရောက်မလာတော့တာ ဆယ်ရက်ပင်ပြည့်တော့မည်။