"ဒီအိမ်ဆိုတာ သေချာသလား "
"သေချာပါတယ် ဂိုဏ်းချုပ်!!! "
လက်ျာသည် အချက်ပြလိုက်ပြီးသည်နှင့် အိမ်ပတ်ပတ်လည်မှာ ဂိုဏ်းသားအချို့နေရာယူပြီးသား ဖြစ်နေပြီ။ သစ်ပင်တို့ဖြင့် အုပ်ဆိုင်းဆိုင်းဖြစ်နေသော တစ်ထပ် အိမ်ကလေးသည် ခြောက်သွေ့ကာ တိတ်ဆိတ်နေသည်။ ခြံဝန်းတံခါးလည်း သော့ခတ်မထားပဲ စေ့ရုံမျှသာ။ ခြံဝန်းထဲ ခြေချမိသည်နှင့် ဖြစ်သလို ပစ်ချထားသော ယောက်ျားစီးစက်ဘီးတစ်စီးက မြေပြင်ပေါ်ဝယ် လဲလျောင်းလျှက်ရှိနေ၏။ နှာခေါင်းကို မသိမသာရှုံ့မိရင်း အိမ်ပိုင်ရှင်အား တော်တော်အပျင်းထူတဲ့လူဟု ခပ်တိုးတိုး မှတ်ချက်ချမိသည်။ ခြံဝန်းထဲမှာ သစ်ပင်မှ ကြွေကျထားသော သစ်ရွက်အမှိုက်ခြောက်တို့ဖြင့် ပြည့်နှက်နေပြီး ညီညီစီထားသော ပန်းအိုးသုံးအိုးထဲရှိ ပန်းပင်တို့ကလည်း ခြောက်သွေ့နေချေပြီ။ လှေကားတွေကို နင်းဖြတ်ကာ အပေါ်ထပ်ကို တက်ခဲ့တော့ နားပါးတဲ့ ဖိုးထောင်က ချက်ချင်းဆိုသလို ကုန်းထလာသည်။
"ဂိုဏ်းချုပ်ကြီး!! "
သူ့ကိုမြင်တာနဲ့ အသင့်အနေအထားဖြင့် အရိုအသေးပေးလာတဲ့ ဖိုးထောင်က ပတ်တီးတို့ဖြင့် ဖြစ်နေပြီး ဆေးလည်းထည့်ထားပုံရသည်။
"ဘယ်လိုလဲ ဖိုးထောင်!! "
"သက်သာသွားပါပြီ ဂိုဏ်းချုပ်ကြီး! "
ဖိုးထောင်သည် သူရှိရာနေရာသို့ ဂိုဏ်းချုပ်ကိုယ်တိုင် ရောက်လာတာကြောင့် အံ့သြသင့်သွားသည်။ ဂိုဏ်းချုပ်ကြီးက ယခင်ထဲက ဂိုဏ်းသားတွေနဲ့ လက်ပွန်းတတီးနေတယ်ဆိုပေမယ့် ဂိုဏ်းချုပ်ဖြစ်သွားချိန်မှာတော့ ပြောင်းလဲသွားမယ် ထင်ခဲ့မိတာ။
"အိမ်ပိုင်ရှင်ရော "
"အိပ် အိပ်နေတုန်းပဲ ထင်တယ် ဟို ဟို ကျွန်တော် "
"စည်သူရ ရောက်လာရင် ရှုပ်ကုန်မှာစိုးလို့ ကျုပ်ကိုယ်တိုင်လာခေါ်တာ ဖိုးထောင်!!! "
"ကျေး ကျေးဇူးပါ ဂိုဏ်းချုပ်ကြီး "
အိမ်အတွင်းသို့ အကဲခတ်ကြည့်မိတော့ အသုံးအဆောင်နည်းနည်းဖြင့် ရိုးရိုးရှင်းရှင်းသာ တွေ့ရသည်။ အခန်းတစ်ခန်း၊ ဗီဒိုတစ်လုံး ဆက်တီခုံတစ်ခုံဖြင့် ရိုးရိုးရှင်းရှင်း ဖွဲ့စည်းထားသည်။ တိုင်မှာတော့ ဂျူတီကုတ်အဖြူရောင်ကို ချိတ်ထားတာတွေ့တာကြောင့် အိမ်ပိုင်ရှင်ဟာ ဆရာဝန်ဖြစ်မယ်လို့ ကောက်ချက်ချမိသွားသည်။ လက်ျာလည်း အိမ်ပိုင်ရှင်နိုးတဲ့အထိသာ ထိုင်စောင့်မယ်ဟု တွေးလိုက်ပြီး ဖိုးထောင်တို့ကို ဂိုဏ်းသားအချို့နဲ့ ပြန်လွှတ်လိုက်ကာ သူလည်း ကျန်ဂိုဏ်းသားတွေဖြင့် ချန်နေခဲ့လိုက်သည်။
YOU ARE READING
❣ ချစ်ခြင်းတရားတို့ နှောင်ဖွဲ့တည် ❣
Romanceကြိုးစားပြီး ရေးကြည့်ချင်တဲ့ BL Fiction တစ်ခုပါ လက်ျာဘုန်းပြည့် သစ္စာပြည့်လျှံ 8.2.2024 Mirella_vc