"ဂိုဏ်းချုပ် ဂိုဏ်းချုပ် "
"ပြော အောင်စေ "
"ဟို ခြံအပြင်မှာ ဆရာ၀န်လေး ကိုသစ္စာ မတ်တပ်ရပ်နေတာ တစ်နာရီနီးပါးရှိနေပြီ "
"ဆရာ၀န်လေးကလား "
လက်ျာရဲ့ မျက်ခုံးတွေ ကျုံ့သွားပြီး ဘာမှမတွေးလိုက်နိုင်ခင်မှာဘဲ ခြေလှမ်းတွေက ခြံအပြင်သို့ ဦးတည်သွားသည်။ ရုတ်တရက်ဆန်စွာ ရွာချလာတဲ့ မိုးကြောင့် လက်ျာရဲ့ ခြေလှမ်းတွေ မပြေးရုံတမယ်။ နောက်ပါးမှာလည်း ဂိုဏ်းသားတစ်ချို့ ပြေးလိုက်လာကြသည်။ စံအိမ်နှင့် စည်းရိုးက အနည်းငယ်လှမ်းတာကြောင့် မိုးရေထဲမှာပဲ လက်ျာခပ်သွက်သွက် လျှောက်သွားလိုက်သည်။ ခြံပြင်သို့ ရောက်တာနဲ့ မြင်လိုက်ရသည်က မိုးရေတွေထဲ ငုပ်တုပ်ထိုင်နေတဲ့ ဆရာ၀န်လေး။
"သစ္စာ "
"ဟင် "
ခေါ်လိုက်တော့ ထူးလာတဲ့အသံက တုန်ယင်နေသည်။ လက်ကမ်းပေးတော့ လက်ကိုဆွဲယူကာ ထရပ်လာတဲ့သူ။ ရွှဲရွှဲစိုနေတဲ့ ခန္ဓာကိုယ်လေးကို မကြည့်ရက်နိုင်စွာ လက်ျာမှာ ၀တ်ထားတဲ့ လောင်းကုတ်ရှည်ကို ချွတ်ကာ လွှမ်းခြုံပေးလိုက်သည်။ ပြီးနောက် မျက်နှာလေးကို ကြည့်လိုက်မိတော့ မိုးဒဏ်ကြောင့် ခိုက်ခိုက်တုန်ကာ နှုတ်ခမ်းတွေ တုန်ယင်နေသည်။ လက်ျာမှာ ထိုမျက်နှာလေးကို ကြည့်ကာ ဘာကို ဒေါသထွက်သွားမှန်း မသိတော့။
"တောက် !!! "
"ဟင် "
"မင်း ရူးနေတာလား သစ္စာ ဘာတွေလုပ်နေတာလဲ "
"ဟို ကိုလက်ျာကို ကျွန်တော် တောင်း တောင်းပန်ချင်လို့ပါ "
ဒါက မိုးရေထဲ ရပ်နေရတဲ့အထိ အရမ်းအရေးကြီးနေလို့လားဟု မေးလိုက်ချင်ပေမယ့် လက်ျာ မမေးဖြစ်။
"ကျစ် !!! "
လက်ျာလည်း လက်ကောက်၀တ်ကနေ ဆွဲကိုင်ကာ စံအိမ်အတွင်းသို့သာ ဆွဲခေါ်လာခဲ့လိုက်တော့သည်။ ဒါက ဘယ်လိုအခြေအနေလဲ။ ညနေက ပြောလိုက်တာကို တောင်းပန်ဖို့အတွက် လာတာတဲ့လား။ ဆရာ၀န်လေးရဲ့ စရိုက်က ဂျစ်ကန်ကန်လေးပဲမို့ လက်ျာ ထွေထူးပြီးတော့ ဒေါသမထွက်ခဲ့ပေမယ့် ရုတ်တရက်ဆန်စွာ တုန့်ပြန်လိုက်သည့်အပေါ် ရှော့ရသွားပုံရသည်။ ဒီလိုဆိုတော့လည်း တောင်းပန်တာကို ကောင်းကောင်းမွန်မွန် လက်ခံပေးရမှာပေါ့။
YOU ARE READING
❣ ချစ်ခြင်းတရားတို့ နှောင်ဖွဲ့တည် ❣
Romanceကြိုးစားပြီး ရေးကြည့်ချင်တဲ့ BL Fiction တစ်ခုပါ လက်ျာဘုန်းပြည့် သစ္စာပြည့်လျှံ 8.2.2024 Mirella_vc