Part - 3

335 22 2
                                    

"ဗျို့ ကိုလက်ျာ "

"ဟော စုံထောက်ကြီး ဦးစံတင်ရှား ဘာအရေးအကြောင်းများ ရှိလို့လဲဗျ "

လက်ျာသည် အနီးအနားရှိ သူ့လူများကို အချက်ပြလိုက်ပြီးသည်နှင့် မျက်နှာမှာ အပြုံးတုတစ်ချို့ ဆင်မြန်းကာ စုံထောက်ကြီးကို ခရီးဦးကြိုပြုလိုက်သည်။ ကမ်းစပ်နားရှိ ကျောက်ချထားတဲ့ သင်္ဘောငယ်ပေါ်မှာပဲ ရှိသေးတဲ့ လက်ျာရဲ့အနားသို့ စုံထောက်ကြီးတို့က အဖွဲ့လိုက် ရောက်လာကြတာ ဖြစ်သည်။

"အေး ပြောရမှာတော့ ခပ်ခက်ခက်ပဲဗျ "

"သြော် ပြောပါဗျာ အားမနာပါနဲ့ "

"ဒီလိုပါ ကိုလက်ျာ ကျုပ်တို့ သတင်းရထားတာလေး ရှိလို့ပါ အဲဒါက ကိုလက်ျာတို့ အခုစေလွှတ်လိုက်တဲ့ သင်္ဘောတွေမှာ မသင်္ကာစရာတွေ တွေ့တယ်ဆိုပြီး တိုင်ကြားထားလို့ဗျ အဲဒါ "

လက်ျာရဲ့ မျက်ခုံးတို့ မသိမသာ ပင့်တက်မိသွားသည်။ အ​ကြောင်းမှာ စုံထောက်ကြီး၏ နောက်ပါးတွင် ဟိုးယခင်ရက်က တွေ့ခဲ့တဲ့ ဆရာဝန်လေးကို တွေ့လိုက်ရ၍ ဖြစ်သည်။ စုံစမ်းစစ်ဆေးတဲ့ ကိစ္စကတော့ ခဏခဏကြုံနေကြမို့ ထွေထူးပြီး မအံ့သြနေတော့ချေ။

"ဟာ ရပါတယ်ဗျ စုံထောက်ကြီး ကြိုက်သလောက် စစ်ဆေးနိုင်ပါတယ်ဗျ "

"အခုလို ပူးပေါင်းပေးတာ ကျေးဇူးတင်ပါတယ်ဗျာ ဟေ့ကောင်တွေ ရှာကြစမ်း မသင်္ကာစရာတွေ့ရင် ငါ့ကိုအကြောင်းကြား "

စုံထောက်ကြီးက သူ့လူတွေကို အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း လက်ျာအနား ဟိုရှာဒီရှာ လုပ်နေသည်။

"ဖြေးဖြေးအေးအေးနဲ့သာ ရှာပါ ကိုယ့်လူ! "

လက်ျာသည် လက်အမူအယာဖြင့် ပြလိုက်ပြီး သင်္ဘောပေါ်ရှိ ချထားသော ဇိမ်ခံပက်လက်ကုလားထိုင်ပေါ်တွင် စတိုင်ကျကျ ခြေချိတ်ကာ ထိုင်လိုက်ပြီး လက်ဖက်ရည်ကြမ်းကို သောက်နေလိုက်သည်။ ထိုင်ခုံတစ်လုံးပဲရှိတာမို့ လောကွတ်ချော်ပြီး ထိုင်ပါအုံးလို့ ခေါ်မနေတော့ချေ။

"နို့ ဒါ ကျုပ်တပည့်ကို ဆေးကုပေးခဲ့တဲ့ ဒေါက်တာ ဟုတ်စ! "

"ကိုသစ္စာနဲ့ သိတာတဲ့လား "

 ❣ ချစ်ခြင်းတရားတို့ နှောင်ဖွဲ့တည် ❣Where stories live. Discover now