အစည်းအဝေးခန်းမအတွင်း အသက်ရှုသံမှလွဲ၍ အပ်ကျသံပင် ကြားရလောက်အောင်ကို တိတ်ဆိတ်နေသည်။ ပုံမှန် တနင်္ဂနွေနေ့ စည်းဝေးခြင်း မဟုတ်ဘဲ အရေးပေါ်အစည်းအဝေးဖြစ်လင့်ကစား ညက ဖြစ်ခဲ့သည့်အခြေအနေမှာ ခေါင်းဆောင်ပိုင်းတွေရဲ့ အသက်အန္တရာယ်နဲ့ နီးစပ်ခဲ့တဲ့အတွက် ကာကွယ်ရေးအဖွဲ့မှာ အပြစ်ရှိစိတ်နဲ့ တိတ်ဆိတ်ကာ နှုတ်ဆိတ်နေကြသည်။
"ဒီကိစ္စရပ်မှာ ဘယ်သူလက်ထောက်ချသလဲလို့ မစွပ်စွဲချင်ဘူး ကိုယ့်စိတ်နဲ့ ကိုယ့်ကို ၀န်ခံပါ ကျုပ် ဂိုဏ်းချုပ် စစ်ဆေးပြီးမှ သိရရင် ဘယ်သူ့ကိုမဆို သက်ညှာမပေးပါဘူး "
ဂိုဏ်းချုပ်ရဲ့ အရှိန်အဝါနှင့် စူးရှတဲ့ အကြည့်ဒဏ်ကို မည်သူမျှ တွန်းလှန်ကာ ပြန်မကြည့်ဝံ့ချေ။ ဒေါသထွက်နေဟန်ရှိတဲ့ မျက်ဝန်းတွေ အေးစက်ပြီး လူသတ်ချင်တဲ့ အငွေ့အသက်တွေ ပြည့်နှက်နေသည်။ သို့ပေမယ့်လည်း ၀န်ခံလာတဲ့စကားမကြားရဘဲ ဆိတ်ဆိတ်သာနေမြဲ ရှိနေကြသည်။ ဒီနေရာမှာ လက်ထောက်ချတယ်ဆိုသည့် အဓိပ္ပါယ်က ဂိုဏ်းချုပ်တွေရှိမည့်နေရာကို အတိအကျ သတင်းပေးလိုက်ခြင်းကို ဆိုလိုသည်။
"၀န်ခံမယ့်သူ မရှိဘူးပေါ့ "
"လုံခြုံရေး အားနည်းခဲ့သည်က လွဲရင် ကျုပ်တို့ သစ္စာမဖောက်ပါဘူး ခေါင်းဆောင် ! "
ညက ဂိုဏ်းလုံခြုံရေး ခေါင်းဆောင်မောင်မဲက ပြောလာသည်။မျက်နှာက ငုံ့ချလျှက် အမိန့်ကို နာခံဖို့ အဆင်သင့်ဖြစ်နေသည့်ပုံနှယ်။ မောင်မဲက အလုပ်လုပ်လျှင် တိကျလွန်းတဲ့သူမို့ လက်ျာလည်း အခြေအနေကို မေးမြန်းလိုက်သည်။
"ကဲ ဒါဆိုရင် မောင်မဲ ညက ဘာထူးခြားမှု ရှိခဲ့သလဲ "
"ဂိုဏ်းတွင်း ဂိုဏ်းပြင်ကတော့ ဘာထူးခြားမှုမှ မဖြစ်ခဲ့ပါဘူး ဂိုဏ်းချုပ်! ကျုပ် ယူဆချက်အရဆိုရင်တော့ ထိုနေရာရောက်မှ တစ်ယောက်ယောက် သတင်းပေးလိုက်ပုံပဲ "
"အဲဒါဆို အဲရောက်မှလို့ ပြောချင်တာလား "
"ဟုတ်ပါတယ် ဂိုဏ်းချုပ် သူတို့ဘက်က ပြင်ဆင်ချိန်မရှိဘဲ ကမူးရှူးထိုးလာတိုက်ပုံထောက်ရင်တော့ ဂိုဏ်းချုပ်တို့ရောက်လာပြီးမှ သတင်းပေးလိုက်တယ်လို့ ကောက်ချက်ချမိပါတယ်"
YOU ARE READING
❣ ချစ်ခြင်းတရားတို့ နှောင်ဖွဲ့တည် ❣
Romanceကြိုးစားပြီး ရေးကြည့်ချင်တဲ့ BL Fiction တစ်ခုပါ လက်ျာဘုန်းပြည့် သစ္စာပြည့်လျှံ 8.2.2024 Mirella_vc