Part - 5

294 21 2
                                    

"ဂိုဏ်းချုပ်ကို ဒုဂိုဏ်းချုပ်က အခေါ်ရှိပါတယ် "

"အင်း လာခဲ့မယ်လို့ ပြောလိုက် "

လက်ျာသည် ခပ်လေးလေး တုန့်ပြန်သံပေး၍ ရှိုက်ဖွာနေတဲ့ နိုင်ငံခြားဖြစ် စီးကရက်ကို ပြာခွက်ထဲ ထိုးချေသတ်လိုက်ကာ ထိုင်ရာမှ ထရပ်လိုက်သည်။ မြသက်ထားကိစ္စပြီးထဲက လက်ျာမှာ စိတ်နှလုံးမချမ်းမြေ့၍ အစ်ကိုဖြစ်သူကိုတောင် ခပ်ရှောင်ရှောင်လုပ်နေခဲ့မိတာ။ အလုပ်တွေကိုပဲ စိတ်နှစ်ထားရင်း အခန်းတွင်း အောင်းနေမိခဲ့တာ ဖြစ်သည်။

"အဝတ်အစားပြင်ပေးထားရမလား သခင်လေး "

"အင်း "

ပုံမှန်ချိန်ဆိုရင် နှစ်လိုဖွယ်ကောင်းတဲ့ သခင်လေးက တိမ်ညိုတွေ ဖုံးအုပ်နေသလို မှုန်မှိုင်းနေသည်။ အကုန်လုံးလည်း မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး အသက်ရှင်နေထိုင်ရတဲ့သူတွေမို့ သက်ပြင်းကိုသာ ကြိတ်ရှိုက်ကြရင်း သခင်လေး ရေချိုးခန်းထဲ ဝင်သွားတဲ့အချိန် အခန်းကို အမြန်သန့်ရှင်းရေးလုပ်ရသည်။ သင့်တော်မည့် ဝတ်စုံကို ကုတင်ပေါ် ချပေးခဲ့ပြီးတာနဲ့ အခန်းအပြင်သို့ အမြန်ပြန်ထွက်ကြရသည်။

"သခင်လေး ဘာဖြစ်နေတာလဲ သိကြလား "

"မသိဘူးလေ ကျုပ်တို့လည်း ကြည့်နေတာတော့ "

"စိတ်မကောင်းဘူးကွယ် သခင်လေး မျက်နှာညှိုးရင် နေလို့မရဘူး "

"အကြောင်းတစ်ခုခုရှိလို့နေမှာ အချစ်ရေးကိစ္စများလား "

"သခင်လေးဆီမှာ ရည်းစားသနာရှိတယ်လို့ မကြားဖူးပေါင်တော် "

"ဟဲ့ တိုးတိုးပြော လာနေပြီ "

ရေချိုးသန့်စင်ကာ ထွက်လာတဲ့ သခင်လေးက ရှင်းသန့်က တည်ကြည်နေသည်။ ဆံပင်ကို သေချာမဖြီးသင်ထားဘဲ အနည်းငယ်ပွယောင်းနေတဲ့ ပုံစံကတောင် ကြည့်ကောင်းနေတာမို့ စံအိမ်ပေါ်မှာ အလုပ်လုပ်နေတဲ့သူ မှန်သမျှက လုပ်လက်စအလုပ်ကို ရပ်ကာ သခင်လေးကို ငေးကြည့်ကြသည်။ နိုင်ငံခြားမှာ နေထိုင်ကြီးပြင်းခဲ့သူ ဖြစ်သည့်အလျှောက် မြင်ဖူးနေကြ သူတွေနဲ့တော့ ကွာခြားသည်။ရှည်လျားမြင့်မားသောအရပ်၊ ကြည်စင်သော အသားအရည်နှင့် ပိရိသေသပ်တဲ့ နှုတ်ခမ်းတွေ၊ ညှို့ဓာတ်ရှိသော မျက်ဝန်းတွေဖြင့် သူက ဂိုဏ်းချုပ်တစ်ယောက်ရဲ့ အရှိန်အဝါတစ်ခုကို ပေါ်လွင်နေစေသည်။

 ❣ ချစ်ခြင်းတရားတို့ နှောင်ဖွဲ့တည် ❣Where stories live. Discover now