Part - 9

430 19 5
                                    

"ခဏနော် သစ္စာ "

ကားသမားကို လမ်းဘေးမှာ ကားချရပ်ခိုင်းပြီး သစ္စာကို ခဏစောင့်ခိုင်းကာ အလောတကြီး ဆင်းသွားတဲ့ ကိုလက်ျာကြောင့် သစ္စာမှာ လိုက်ကြည့်နေမိသည်။ နီးစပ်ရာ လက်ဖက်ရည်ဆိုင်ထဲ ၀င်သွားတာကြောင့် သစ္စာလည်း ကားထဲမှာပဲ စောင့်နေလိုက်တော့သည်။ ဟိုဟိုဒီဒီ ငေးကြည့်ရာမှ ဘေးနားမှာ ငြိမ့်ခနဲဖြစ်သွားတာကြောင့် လှည့်ကြည့်လိုက်တော့ လက်ထဲမှာ သစ္စာပန်းတွေ ကိုင်ထားတာကို တွေ့လိုက်ရသည်။

"ပန်းတွေ ၀ယ်လာတာလား "

"အင်း သစ္စာပန်းတွေလေ သစ္စာအတွက် "

"ဗျာ "

"သစ္စာ စိတ်ကြည်အောင်ပါ ဆေးရုံက ဘုရားအိုးမှာဖြစ်ဖြစ် အလှပန်းအိုးမှာ ဖြစ်ဖြစ် ထိုးချင်ထိုးလို့ရတယ်လေ "

"အာ ကျေးဇူးပါဗျ "

သစ္စာသည် ကိုလက်ျာ ကမ်းပေးလာသော သစ္စာပန်း ရဲရဲနီနီများကို ပွေ့ပိုက်ကာ ယူထားလိုက်သည်။ ဒီအချိန်မှာ သစ္စာပန်းရဲ့ အနက်အဓိပ္ပါယ်ကိုလည်း မဖွင့်လို ဘာ​အဓိပ္ပါယ်နဲ့ ပေးသလဲဆိုတာလည်း မသိလို။ ထမင်းထုပ်ပါ ထုပ်ပေးလိုက်ပြီး ဆေးရုံအထိ လူကိုယ်တိုင် တကူးတက လိုက်ပို့တာက သစ္စာကို သူတို့ဂိုဏ်းသားလို့များ ထင်နေလို့လား။ ဒါမှမဟုတ် သူတို့ဂိုဏ်းထဲ ၀င်ချင်အောင် ဆွဲဆောင်နေတာများလား။

" ကိုလက်ျာ "

"ဟုတ်ကဲ့ခင်ဗျ "

"ခင်ဗျားတို့ဂိုဏ်းမှာ လူများလိုနေသလား "

"မလိုပါဘူး သစ္စာ ဘာလို့လဲ "

"မသိဘူးလေ ကျုပ်ကိုများ ဂိုဏ်းထဲ ၀င်အောင် ဆွဲဆောင်နေတာလားလို့ "

သစ္စာရဲ့ စကားအဆုံး မော်တော်ကားလေးထဲ လက်ျာရဲ့ တဟားဟားအော်ရယ်သံက ထွက်ပေါ်လာတော့သည်။ သစ္စာကတော့ ပြောချင်ရာပြောပြီး ပန်းတွေကို ပိုက်ကာ တရွေ့ရွေ့ဖြင့် ရွေ့လျားနေသော ရူခင်းတွေကိုသာ ငေးကြည့်နေလိုက်တော့သည်။

"ဆေးရုံကို ရောက်ပါပြီဗျ "

"အာ ဟုတ်ကဲ့ ကျေးဇူးပါဗျ "

သစ္စာသည် ထမင်းထုပ်တစ်ဖက် ပန်းတွေတစ်ဖက် ယူရင်း ကားပေါ်က ဆင်းတော့ ကိုလက်ျာကပါ လိုက်ဆင်းလာသည်။ ဆေးရုံ၀န်းထဲ လှမ်းကြည့်မိတော့ ကိုအောင်မောင်းနှင့် လက်ထောက်ဆရာ၀န်ကိုသူရိယတို့ကို တွေ့လိုက်ရသည်။ သစ္စာလည်း ဆေးရုံ၀န်းထဲ ၀င်တော့မည်အပြု

You've reached the end of published parts.

⏰ Last updated: Jul 09 ⏰

Add this story to your Library to get notified about new parts!

 ❣ ချစ်ခြင်းတရားတို့ နှောင်ဖွဲ့တည် ❣Where stories live. Discover now