မွေးကတည်းက မိဘမဲ့ဂေဟာမှာကြီးပြင်းလာရတဲ့ဂျွန်ဂျောင်ကုဆိုတဲ့ကောင်လေးဟာ မွေးစားသူမရှိဘဲ
အသက်18နှစ်ပြည့်သည်အထိဂေဟာမှာနေရပြီး
18နှစ်ပြည့်တာနဲ့ ဂေဟာကနေထွက်ကာ
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရပြီ~"ဟူးး ဂေဟာမှာနေတုန်းကဘာမှမပူခဲ့ရဘေမဲ့
အခုတော့ဒုက္ခရောက်ပြီ~"အထက်တန်းအောင်ရုံလေးကဖြစ်
ဘာအလုပ်မှလဲမလုပ်ဖူးဘဲနဲ့ ချက်ချင်းကြီး
ဂေဟာကထွက်လာရတဲ့ဂျောင်ကုက အသားဖြူဖြူပိန်ပိန်ပါးပါးလေးနဲ့ အရမ်းလှတာတော့အမှန်~"အိမ်ခန်းငှားချင်လို့ပါ~"
"ရတယ် တစ်လကိုဝမ်တစ်သိန်း အခန်းငှားခမပေးနိုင်တဲ့လဆိုချက်ချင်းဆင်းရမယ်~"
"ဟုတ်...ဟုတ်ကဲ့ တစ်လစာကြိုသွင်းပါ့မယ်~"
"အခန်းလိုက်ပြမယ် လိုက်ခဲ့~"
အပေါက်ဆိုးတဲ့အခန်းငှားအဒေါ်ကြီးနောက်ဂျောင်ကုလိုက်သွားပြီး အခန်းတွေလိုက်ကြည့်တော့
အရမ်းမကောင်းဘေမဲ့ အဆိုးကြီးလဲမဟုတ်လို့
တစ်ခန်းငှားလိုက်တယ်။"ဟူးးး...နေစရာတော့ရပြီ ကျောင်းတက်နိုင်ဖို့
အလုပ်လိုသေးတယ်~"ဂေဟာကပေးလိုက်တာက သူ့ရဲ့အဝတ်စားနဲ့
ပိုက်ဆံဝမ်နှစ်သိန်းတည်းမို့ ရှေ့ဆက်စားဖို့
ကျောင်းတက်ဖို့က အလုပ်လုပ်မှဖြစ်မှာလေ~"ငါ့မိဘတွေကဘယ်လိုလူတွေလဲသိချင်လိုက်တာ
အခုရောဘယ်ရောက်လို့ ဘာတွေလုပ်နေကြလဲ~"စွန့်ပစ်ခံရကတည်းကပါလာတဲ့
လက်ထပ်လက်စွပ်နှစ်ကွင်းကိုကြည့်ရင်း
မိဘတွေကိုတမ်းတနေတဲ့ဂျောင်ကုက
လက်စွပ်ကိုသူ့ဗူးနဲ့သူပြန်ထည့်သိမ်းထားလိုက်တယ်။"သရုပ်ဆောင်မေဂျာဌာနကဘယ်ဘက်လဲခဗျ~"
"ညာဘက်တည့်တည့်သွားလိုက်~"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်~"
ဂျောင်ကုတစ်ယောက် စိတ်ဝင်စားတဲ့အလုပ်နဲ့
ဝင်ငွေများများရဖို့အတွက် သရုပ်ဆောင်မေဂျာကို
ရွေးယူခဲ့ရာ အတန်းသားတွေအားလုံးကအချောအလှတွေချည်း~
YOU ARE READING
~~Mask~~{Complete}