💜4💜

2.1K 294 205
                                    

ထယ်ယောင်းနဲ့ဂျောင်ကုတို့ ထယ်ယောင်းရဲ့အိမ်မှာ
အတူတူချက်ပြုတ်ကြတော့ ဂျောင်ကုကအများဆုံး
အလုပ်လုပ်ပြီး ထယ်ယောင်းကယောင်ဝါးဝါးရယ်~

"နံနံပင်စားလားကိုကို~"

"စားတယ်~"

"အဲ့တာဆိုထည့်ပြီနော်~"

"Ok~ကိုကို့ကလေးလေးပင်ပန်းနေတော့မယ် Strawberryလေးစားပါဦး~"

"အွန်း စားကောင်းတယ်ကိုကို ချိချိုချဥ်ချဥ်လေး~"

ထယ်ယောင်းလာခွံ့ကျွေးတဲ့strawberryလေးစားကာ
ချက်ပြုတ်နေတဲ့ဂျောင်ကုက ချက်ပြုတ်နည်းတွေကို
မိဘမဲ့ဂေဟာမှာသင်ယူခဲ့ပြီးသားမို့ ဘာတစ်ခုမှပြောစရာမလိုအောင်ကျွမ်းကျင်တယ်။

"ဒီဟင်းကထူးဆန်းသားဘဲ ဒါကိုဘယ်လိုခေါ်လဲကလေး~"

"ဂေဟာမှူးပြောတာတော့ ပျော်ရွှင်ခြင်းတဲ့
ဒီဟင်းချက်တဲ့နေ့ဆို ဂေဟာတစ်ခုလုံးပျော်ရွှင်ကြတယ်~"

"အမဲသားကို လိမ္မော်သီးအရည်နဲ့
ချက်ထားတာဘဲမဟုတ်လား
ဘာလို့အဲ့လောက်ပျော်ရွှင်ကြတာလဲ~"

"ဟဟ...ဂေဟာမှာက အသားနဲ့အသီးစားရတဲ့နေ့ဆိုတာရှားတယ်လေကိုကိုရယ် ပျော်တာက အသားစားရလို့ပေါ့~"

"နားလည်ပြီ ကလေးအရမ်းပင်ပန်းခဲ့မှာဘဲ~"

"ပင်ပန်းဘေမဲ့ပျော်ပါတယ် ညီလေးတွေညီမလေးတွေအများကြီးရှိလို့လေ ဟုတ်သား ဂေဟာကထွက်လာပြီးကတည်းက
တစ်ခါမှမသွားဖြစ်သေးဘူး သွားရဦးမှာ~"

"ဒီနေ့သွားမလား ကိုယ်လိုက်ပို့ပေးမယ်လေ~"

"အဲ့လိုဆိုကျေးဇူးတင်ပါတယ်ကိုကို နေ့လယ်ကိုပို့ပေးနော်~"

*ပြောမိတာမှားပြီ ငြင်းမယ်ထင်ခဲ့တာကို~*

"အင်းပါ လိုက်ပို့ပေးမှာပေါ့~"

ထို့နောက် ဂျောင်ကုက ဟင်းလျာတွေကိုသေချာချက်ပြုတ်ကာ အချိုပွဲအတွက် strawberry cakeလေးလုပ်တော့ ထယ်ယောင်းကနောက်နေလာဖက်တာမို့ဂျောင်ကုရင်ထဲထိတ်ခနဲ~

"ထိုင်နေလေကိုကို ကလေးလုပ်ပြီးလာပို့ပေးမယ်~"

"ဘာတွေလုပ်နေလဲကြည့်ချင်လို့ပါ မကြည့်ရဘူးလား~"

~~Mask~~{Complete}Where stories live. Discover now