💜18💜

2.2K 273 186
                                    

အိမ်ကဆောက်လို့မပြီးသေးတော့
ထယ်ယောင်းမှာနားနေစရာ အိပ်စရာနေရာလဲမရှိတာမို့
အဒေါ်ကြီးတစ်ယောက်ရဲ့အိမ်မှာအိပ်ရတယ်~တော်သေးတာပေါ့ကျွန်းကလူတွေကသဘောကောင်းကြလို့~

"ဟာ ဒီခြင်တွေကလဲ..ဟူးး~"

"အဆင်ပြေရဲ့လားကိုလူချော~"

"ရပါတယ်အဒေါ် ဒီမှာက ဒီလိုဘဲခြင်ပေါတာလား~"

"ဟုတ်တယ် ခြင်ဆေးခွေထွန်းထားရင်သက်သာတယ်~"

*ကလေးအဆင်ပြေရဲ့လား ကလေးရဲ့အသားကနုနုလေးကို~*

"ဂျောင်ကုအကြောင်းစဥ်းစားနေတာထင်တယ်
အရင်ကအကြောင်းမသိသေးတော့ ဂျောင်ကုမှာ
အသားကဖြူတာနဲ့ တစ်ကိုယ်လုံးခြင်ဖူးတွေချည်းဘဲ~"

"ကလေးသနားပါတယ်~ကလေးအကြောင်းတွေပြောပြပါလားအဒေါ်~"

"အင်း~ဂျောင်ကုဒီကိုရောက်စတုန်းက အရယ်အပြုံးမရှိဘူး
အမြဲတမ်းတမှိုင်မှိုင်တထွေထွေနဲ့~"

အခန်းထဲကအဒေါ်နဲ့အခန်းပြင်မှာအိပ်တဲ့ထယ်ယောင်းက
စကားပြောနေကြနေတာက ဂျောင်ကုအကြောင်းမို့
ထယ်ယောင်းမှာအခန်းနံရံနားကပ်နေပြီ~

"ပြီးတော့ရောအဒေါ်~"

"ညဘက်တွေမှာ ကမ်းခြေဘက်လမ်းထွက်လျှောက်တယ်
ဒီကျွန်းရဲ့ရာသီဥတုနဲ့အံဝင်ဂွင်ကျမဖြစ်တော့
ခနခနဖျားတယ် ဖျားတဲ့အချိန်တိုင်း ကိုကို့ကိုမုန်းတယ်လို့ယောင်ပြီးအော်ရင်း ငိုတယ်~"

*ကိုကို့ရဲ့ကလေးလေး ကိုကိုမကောင်းတာပါ~*

"ထမင်းဟင်းချက်တတ်ဘေမဲ့ ထင်းမီး မီးသွေးမီး
မသုံးတတ်တော့အဒေါ်တို့သင်ပေးရတယ်~"

"ခက်ခဲခဲ့မှာဘဲ~"

"ခက်ခဲတာပေါ့ အဒေါ်တို့ကဟင်းဆိုရင်
ပင်လယ်ထွက်အသားငါးကိုဘဲစားတော့ ဂျောင်ကုလဲလိုက်စားဘေမဲ့ ခနခနပြန်အန်ထွက်တယ်လေ အခုမှအဆင်ပြေသွားတာ~"

"ကလေးက အသီးအရွက်စားရတာကိုပိုကြိုက်တာ
အိမ်မှာတုန်းကဆို အသားငါးမစားလို့ဆူရတဲ့အခါတောင်ရှိတယ်~"

"ဂျောင်ကုအရင်က မင်းအပေါ်ပြုမူတဲ့ပုံစံကဘယ်လိုမျိုးလဲ~"

"ကျွန်တော့်ကိုချစ်တယ် ကရုစိုက်တယ်
ကျွန်တော်လုပ်သမျှကိုလဲသည်းခံတယ် ဝမ်းနည်းနေရင်တောင်ပြုံးပြတယ် ကျွန်တော်အလိုလိုက်ရင် အသက်ပေးရမယ်ဆိုရင်တောင်ပျော်နေတဲ့သူဘဲ~"

~~Mask~~{Complete}Where stories live. Discover now