💜35💜final

3.5K 252 219
                                    

"ဟုတ်ပါတယ်~"

"သား..သားလေး~"

မင်းသမီးကြီးရဲ့စကားသံကြောင့်ဂျောင်ကုက
နားမလည်နိုင်သလိုကြည့်နေပြီး
ခပ်ဟဟရယ်လိုက်လေရဲ့~

"အန်တီရယ် အခုက ကျွန်တော်ရိုက်ရမယ့်အခန်းမဟုတ်သေးဘူးလေ~"

"မဟုတ်ဘူး အန်တီကသားကိုပစ်ထားခဲ့တဲ့
သားရဲ့အမေပါ~"

"အမ်?"

"အေးအေးဆေးဆေးစကားပြောကြရအောင်သား
ဒါရိုက်တာ ဒီနေ့ကျွန်မတို့နားမယ်~"

ထူးဆန်းတဲ့စကားတွေပြောနေတဲ့မင်းသမီးကြီးကြောင့်
ဂျောင်ကုလဲရိုက်ကူးရေးကိုနားကာ နှစ်ယောက်သား
စားသောက်ဆိုင်ကောင်းကောင်းမှာတွေ့ဆုံကြတော့
မင်းသမီးကြီးကမျက်ရည်မျက်ခွက်~

"ကျွန်တော့်ကိုသေချာလေးရှင်းပြပေးပါဦးအန်တီ
အခုဘာတွေဖြစ်နေတာလဲ နားမလည်တော့ဘူး~"

"ပြောပြပါ့မယ် သားကအမေ့ရဲ့သားပါ
အမေအခုယောကျာ်းနဲ့လက်မထပ်ခင်က အမေ့ရဲ့ချစ်သူနဲ့
သားကိုကိုယ်ဝန်ရှိခဲ့တာ~"

"မဟုတ်မှ မိဘတွေကသဘောမတူလို့ကွဲခဲ့ကြတာမျိုးလား~"

"အဲ့လိုမဟုတ်ဘူး သားကိုဗိုက်ကြီးတဲ့အချိန်တုန်းကသားရဲ့အဖေကဂုဏ်သိက္ခာကိုမက်မောနေပြီး အမေကလဲ
အောင်မြင်ကျော်ကြားမှုကိုလက်မလွတ်ချင်ခဲ့ဘူးလေ~"

"အဲ့တာနဲ့ဘဲကျွန်တော့်ကိုမွေးပြီးစွန့်ပစ်လိုက်တယ်ပေါ့~"

"ဟုတ်ပါတယ်သားရယ် အမေတို့မှားခဲ့ပါတယ်
ခွင့်လွတ်ပေးပါလို့ မတောင်းဆိုရဲအောင်ရှက်မိပါတယ်သားရယ်~"

"ပြီးခဲ့တာတွေလဲပြီးပြီဘဲ အားလုံးကိုခွင့်လွတ်ပါတယ်
ကျွန်တော့အမေကအန်တီဆိုရင် ကျွန်တော့်အဖေကရော~"

"သူက~~~"

"သိချင်ရုံလေးပါ ဘာပြဿနာမှ မရှာပါဘူး~"

"သူက အခုလက်ရှိဘုရင်ပါ~"

"ဟင်??"

"ဟုတ်တယ် အဲ့တုန်းကသူကအိမ်ရှေ့စံမင်းသားဘဲဖြစ်သေးတယ် အမေကလဲနာမည်ကြီးခါစမို့ တိတ်တိတ်ပုန်းတွဲခဲ့ကြတာ~"

~~Mask~~{Complete}Where stories live. Discover now