ထယ်ယောင်းက မနက်ဆိုစောစောထ
ရေချိုး အဒေါ်ကြီးဆီကမနက်စာစားပြီး
ဂျောင်ကုဆီသွား မရှိရှိတဲ့အလုပ်တွေရှာလုပ်နဲ့
ငြိမ်ငြိမ်ကိုမနေ~"ကလေး ဘယ်သွားမလို့လဲ~"
"ဘယ်သွားသွားပေါ့ ခဗျားကိစ္စလား~"
"အဲ့လိုတော့မဟုတ်ဘူးပေါ့ကလေးရယ်~"
သင်္ဘောဆိပ်ဘက်သွားနေတဲ့ဂျောင်ကုကြောင့်
ထယ်ယောင်းနောက်ကလိုက်သွားတော့
ကုန်မှာထားတာတွေချနေတာမို့ထယ်ယောင်းဝင်ကူရတယ်။"ဂျောင်ကုရေ ဒီမှာမှာထားတဲ့ပန်းပင်တွေ~"
"ဟယ် အဒေါ်ပြန်လာပြီလား~"
"ပြန်လာပါပြီတော် အဒေါ်လွတ်သွားတာများရှိသေးလား~"
"ဟဟ မရှိပါဘူး လာလေ ကျွန်တော်ကူသယ်ပေးမယ်~"
"ရပါပြီ ပန်းပင်တွေတာသယ်လိုက်~"
"ဟုတ်အဒေါ်~~ဟိုလူကြီး ဒီကိုခနလာဦး~"
"ကိုကို့ကိုခေါ်တာလားကလေး~"
"ဟုတ်တယ် မြန်မြန်လာ~"
ဂျောင်ကုကချိုချိုသာသာခေါ်တာမဟုတ်ဘေမဲ့လဲ
ပျော်ပျော်ပါးပါးပြေးလာတဲ့ထယ်ယောင်းကြောင့်
အဒေါ်ကြီးလဲပြုံးရင်း သူ့အိမ်သူပြန်ရပြီ~"ကိုကိုဘာလုပ်ပေးရမလဲကလေး~"
"ဒီပန်းပင်တွေကို အိမ်ထဲသွားပို့ပေး~"
"ဟုတ်ပြီ~"
"ရေကန်နားမှာချထားလိုက်နော်~"
"Ok~"
ထို့နောက်ဂျောင်ကုက သူမှာထားတဲ့ကုန်တွေအတွက်ငွေရှင်းနေချိန်ထယ်ယောင်းက ဂျောင်ကုရဲ့ပန်းပင်တွေကို
ဂျောင်ကုအိမ်ထဲသယ်ပို့ပေးရတယ်။"ဟိုလေအစ်ကို ကျွန်တော်အသီးလေးတွေမှာချင်တာ
မှာလို့ရမလားဟင်~""ဖာလိုက်မှာမှဘဲရမှာ တစ်လုံးနှစ်လုံးဆိုမဖြစ်ဘူး
အစ်ကိုတို့လဲသွားမဝယ်ပေးနိုင်လို့လေ
ဒီကုန်တွေကိုတောင် ယူနေကျဆိုင်ကိုဖုန်းဆက်ပြီးလာပို့ခိုင်းရတာ~""အဲ့လိုဆိုမမှာတော့ပါဘူး ကျေးဇူးပါဘဲ~"
ဂျောင်ကုကအသီးမျိုးစုံကို
အားပါးတရစားချင်တာမို့ တစ်မျိုးကိုတစ်ဖာဝယ်နေရရင်အဆင်မပြေဘူးလေ~
YOU ARE READING
~~Mask~~{Complete}