တစ်နေ့တာကိုပင်ပင်ပန်းပန်းကျောင်းတက်ရင်း
အလုပ်လုပ်ရင်းနဲ့ကုန်ဆုံးရတဲ့ဂျောင်ကုက
ငှားထားတဲ့တိုက်ခန်းဆီပြန်လာအနားယူတော့လဲ
အေးဆေးအနားမယူရဘဲ နေ့ကသင်ခဲ့တဲ့စာတွေပြန်ကြည့်ရပြန်ရော~"တော်သေးတာပေါ့ စာတွေကမခက်ခဲလို့~"
စာတွေလုပ်ပြီးလို့အနားယူအိပ်စက်ဖို့လုပ်ချိန်မှာ
ထယ်ယောင်းပေးခဲ့တဲ့နို့ချဥ်ဘူးလေးကိုမြင်တော့
ပြုံးရင်းလှန်းယူလိုက်တဲ့ဂျောင်ကု~"မြင်ဖူးတာတောင်မကြာသေးတဲ့လူကိုသဘောကျမိနေတယ်?~~စီနီယာထယ်ယောင်းက လူတိုင်းသဘောကျနိုင်တဲ့လူတစ်ယောက်ဘဲလေ~"
"............."
"ငါ့အတွက်အခွင့်ရေးတောင်ရှိပါ့မလား
သေချာပေါက်မရှိဘူးပေါ့~"ထယ်ယောင်းအကြောင်းတွေးရင်းအိပ်ပျော်သွားတဲ့ဂျောင်ကုက အိပ်မက်ထဲမှာပါထယ်ယောင်းကိုမြင်မက်ကာ
မနက်လေးနာရီထ အချိန်ပိုင်းအလုပ်တစ်မျိုးဆီသွားရတယ်။"စားပွဲတွေအရင်သုတ်ပေးပါ~"
"ဟုတ်ကဲ့ သူဌေး~"
*ပင်ပန်းဘေမဲ့ကြိုးစားရအောင်ဂျောင်ကု~*
ကိုယ့်ကိုယ်ကိုယ်အားပေးရင်းအလုပ်ကြိုးစားတဲ့ဂျောင်ကုက
ခေါက်ဆွဲဆိုင်မှာမနက်ပိုင်းအချိန်ပိုင်းဝင်လုပ်ပြီး
ကိုးနာရီဆိုကျောင်းအမှီသွားရပြန်ပြီ~"နောက်မကျသေးဘူး တော်သေးတယ် ဟူးး~"
"ဟေ့ မင်းကအခုမှပထမနှစ်လား~"
"ဟုတ်ပါတယ်~"
"အစ်ကိုက ကွန်ပျူတာနည်းပညာမေဂျာဒုတိယနှစ်ကလေ~"
မသိတဲ့လူတစ်ယောက်ကနှုတ်ဆက်လာလို့
သူငယ်ချင်းရချင်သူဂျောင်ကုကပျော်နေဘေမဲ့
မေးတာကိုဖြေတာကလွဲပြီးဘာမှမပြောတတ်~"အာ..ဟုတ် တွေ့ရတာဝမ်းသာပါတယ်
ကျွန်တော်ကသရုပ်ဆောင်မေဂျာကပါ~""ဟုတ်လား မိုက်တယ်ရုပ်လေးနဲ့လိုက်တယ်~"
"ကျေးဇူးပါ~"
"မလိုပါဘူး ဟိုလေလိင်တူတွေကိုမမုန်းဘူးမဟုတ်လား~"
"ဘာဖြစ်လို့လဲ~"
YOU ARE READING
~~Mask~~{Complete}