"Winny!!"
ကျောင်းခန်းထဲဝင်ခံနီး fourth ရဲ့အော်ခေါ်သံကြောင့် ငါ ဝင်ဖို့လုပ်နေရာကနေ fourth ရှိရာသို့ထွက်လာလိုက်သည်။
"ဘာလဲ အသေးကောင်"
"ဘောလား မင်းအဲ့နာမယ်မခေါ်နဲ့လို့ပြောထားတယ်လေ။ဒါနဲ့မင်းရဲ့ညီကော"
"သူလား မသိဘူးလေ"
"ကိုကိုခမျ"
အအေးဗူးတွေနဲ့မုန့်ထုတ်တွေထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ကိုထောင်ပြကာ ငါ့ဆီလျောက်လာနေတဲ့ satang ဆိုတဲ့ကလေး။
အသက်နဲ့မလိုက်အောင်ချောမောတဲ့ လူ။
ဂီတကလပ်ထဲပါပြီး ဂစ်တာလဲတီးတတ်သလို အသံကလဲကောင်းသည်။ကောင်မလေးတွေပါမက ကောင်လေးတွေဆီကလဲ သဘောကျခံရတဲ့ ကောင်...ဒါပေမဲ့ satang ကတော့ လာဖွင့်ပြောသမျှလူတိုင်းကိုငြင်းလေ့ရှိသည်။
"Satang အကို့အတွက်လား ပေး"
Fourth တယောက်ခုန်ပြီး satang ဆီပြေးသွားကာမှ လမ်းမှာကျောင်းသားတယောက်နဲ့တိုက်မိကာ ထိုကျောင်းသားအပေါ်လှဲကျသွားသေးသည်။
"ရှက်ပြာရှက်ပြာနဲ့ ဖယ်! ဒါကိုကို့အတွက်ယူလာတာ"
ငါ side eyes နဲ့ကြည့်ကာအဲ့အသေးကောင်ကိုထားခဲ့ပြီး ကိုကို့ ဆီသွားလိုက်သည်။
"ရော့ ကိုကို့အတွက်ဗျ"
"အများကြီးဘဲဟ မင်း ကောင်မလေးတွေဆီကရတာမလား"
"အဲ့မုန့်တွေကို fourth ကယူသွားတာ အခုဟာက ကိုကို့အတွက်သီးသန့်ဝယ်လာတာပါဗျာ"
"မင်းအကိုက မုန့်မှမစားတာ အိပ်ဘဲအိပ်နေတာလေ"
Fourth ကသူ့တိုက်မိတုန်းက ထိသွားတဲ့သူ့ခေါင်းကိုပွတ်ရင်းပြန်လာကာ ငါ့ကိုပြောသည်။
"ဗိုက်ဆာရင်စားမှာပေါ့ မင်းစားရဲစားကြည့် အသေးကောင်!"
"အဲ့နာမယ်ခေါ်တာရပ်မလား မင်းမုန့်တွေငါအခုလုစားလိုက်ရမလား"
Satang နဲ့ fourth အကြည့်နဲ့သတ်နေတုန်း ကြားထဲက ငါက ထုံးစံအတိုင်းဝင်ဖြေရှင်းပေးရပြန်သည်။
"တော်ပြီ! ငါအတန်းထဲဝင်တော့မယ် မင်းလဲအတန်းသွားတက်တော့ satang"