ရင်းနှီးနေတဲ့ အငွေ့အသက်...ငါမြတ်နိုးရတဲ့လူရဲ့ အခန်းမှာ နိုးထလာရတာဟာ ငါ့အတွက် ထီဆုကြီးပေါက်သလိုပါဘဲ။
"Satang နိုးပြီလား ရော့ အမူးပြေဟင်းချို"
ကိုယ်ချစ်ရတဲ့လူကို မနက်နိုးနိုးချင်းတွေ့ရတဲ့ ခံစားချက်။ဒါ့အပြင် သူ့ဆီကဂရုစိုက်ခံရတဲ့ ခံစားချက်မျိုး..မင်းတို့နားလည်မှာလဲမဟုတ်ပါဘူး။
"ကျေးဇူး ကိုကို"
ကိုကို ကခေါင်းတချက်ငြိမ့်ပြပြီး အပြင်ထွက်ဖို့ပြင်နေတာကြောင့်...
"လုပ်စရာရှိလို့လား ကျတော့်နားနေမပေးဘူးလား"
"မ..မဟုတ်ပါဘူး"
"အဲ့ဒါဆို ကျတော့်နားနေပေးလေ"
"ဟုတ်တယ် ငါ..ငါလုပ်စရာရှိတယ်"
ကိုကို ဟာဘာအကြောင်းကြောင့်မှန်းမသိ ရှက်နေသည်။သူ့မျက်နှာတွေနီရဲလာကိုကြည့်ပြီး ငါသိလိုက်၏။
"မင်းဘာဖြစ်နေတာလဲ"
Satangတစ်ယောက် ထွက်သွားသည့်Winnyကို ပြန်ခေါ်ရန်လှည့်လိုက်စဉ် နီးကပ်စွာရှိနေသော Winnyဟာ သူ့ရင်ခွင်ထဲသို့ တန်းခနဲ...
ငါနဲ့အကြည့်ချင်းဆုံသွားတဲ့ မျက်ဝန်းတစ်စုံ...
ငါကလဲရုန်းမထွက်နိုင်သလို ကိုကို့ဘက်ကလဲရုန်းမထွက်နိုင်ခဲ့ဘူးထင်ပါသည်။အချိန်မဆွဲတော့ဘဲ ငါဆုံးဖြတ်ချက်ချကာ ကိုကို့ ရဲ့နှုတ်ခမ်းပါးတွေကိုစတင်နမ်းရှိုက်လိုက်သည်။ငြင်းဆိုမယ်ထင်ထားခဲ့ပေမဲ့ မထင်မှတ်ထားစွာ ကိုကို့ဘက်ကလဲ ငါ့ကိုပြန်တုန့်ပြန်သည်။
အချိန်အတော်ကြာနမ်းရှိုက်ပြီးသွားတော့ အသက်ရှူကြပ်လာတဲ့ ကိုကိုဟာငါ့ရင်ဘတ်ကိုတွန်းထုတ်လာတာကြောင့် ငါ လွှတ်ပေးလိုက်သည်။
ငါ ကိုကို့ ကိုကြည့်ကာ ပြုံးပြလိုက်တော့ ကိုကိုဟာ ရှက်သွားလို့ထင်ပါသည်..မျက်နှာလေးအောက်ငုတ်သွားသည်။
"ကိုကို..."
ငါ့ရဲ့ မြတ်နိုးရာနာမ်စားလေးကို ခေါ်လိုက်တော့ ငါ့မြတ်နိုးရတဲ့ဝက်ဝံလေးဟာလဲ ငါ့မျက်ဝန်းတွေကိုပြန်လည်မော့ကြည့်လာသည်။
