ဒေါက် ဒေါက် ဒေါက်
"သား winny!"
"ဗျာ Mae"
"ထ ထ အဝတ်အစားအမြန်သွားလှဲ"
"ဘာလို့လဲ Mae"
"ဒီနေ့ဧည့်သည်လာမှာလေ"
"ဟင် သားလဲမသိဘူး"
"အချိန်မရှိဘူး သွား ခနနေရောက်တော့မှာ"
"ဟုတ် ဟုတ် Mae"
ဘယ်လိုလူတွေလာမှာမို့လို့ ဒီလောက်ဖြစ်ပျက်နေရတာလဲ။ငါ Mae ပြောသလိုသာ ဝတ်ဆင်ပြီး ဧည့်သည်ဆိုတာတွေကို စောင့်နေလိုက်သည်။
"မောင်! ဘာလို့လာတာလဲ Mae ရှိတယ်"
"မဟုတ်ဘူး မားကဒီကိုလာခိုင်းတာ"
"ဟင်"
"အော် သားတို့ရောက်နေပြီလား လာ အထဲဝင်"
Mae ကခေါ်တော့ ငါနဲ့ မောင် ကြောင်တောင်တောင်နဲ့အိမ်ထဲဝင်သွားရသည်။ဘာတွေ လာပလေးနေတာလဲဟ!
"Mae အခုဘာတွေဖြစ်နေတာလဲ"
"သားနဲ့Satang Mae တို့ကကြေညာစရာရှိလို့ပါ"
"ဟမ် ဘာကြေညာစရာလဲဗျ??"
"မားတို့ကလဲငယ်ရာကကြီးလာတာပါ သားတို့နှစ်ယောက်ကိုကြည့်တာနဲ့ဘာတွေဖြစ်နေလဲဆိုတာသိပါတယ်။ညကဖုန်းခိုးပြောတာကော satang လေးမနေ့ကအိမ်ရှေ့မှာစကားလာပြောတာကော အကုန်သိပြီးသား"
Winny ကော Satang ကောဘာမှပြန်မပြောနိုင်ဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အံဩသွားကြသည်။
"သားတို့ငယ်ငယ်ထဲကအချင်းချင်းဘယ်လိုခံစားချက်တွေရှိလဲဆိုတာသိပါတယ် Mae တို့ကလဲသဘောတူပြီးသားပါ။
"အန်တီ တကယ်သဘောတူတာလား"
မောင်က အားရဝမ်းသာစွာ ထိုစကားကိုထပြောသည်။
"တကယ်ပေါ့ သားရဲ့"
"ကျတော်တို့ကိုယုံပေးတာကျေးဇူးတင်ပါတယ်..ကျတော်တို့စိတ်ရင်းဆိုတာကိုသက်သေပြပါ့မယ်"
"အန်တီ့သားချစ်တဲ့လူကို အန်တီကလဲချစ်နိုင်ပါတယ်..ပြီးတော့ဟဲ့ အဲ့နေ့က နင့်သားရဲ့ပုံကိုပြချင်တယ်ဟယ် ငါ့သားလက်ကိုဆွဲပြီး ရှေ့ကနေကာပြီးပြောတာ"