ဒီနေ့ကဘာနေ့လဲ မင်းတို့သိလား။
ငါနဲ့မောင် တွဲတာတပတ်ပြည့်တဲ့နေ့..ပြီးတော့ ငါတို့နှစ်ယောက်ရဲ့ first date!ငါ မှန်ထဲကြည့်ကာ ကိုယ့်ကိုကိုယ်ပြင်ဆင်နေတုန်း Mae က satang ရောက်နေတယ်ဆိုတာကြောင့် ငါ အောက်ကိုပြေးဆင်းလာလိုက်သည်။
"ကိုကို ဖြေးဖြေးဆင်းပါ ချော်လဲကုန်အုန်းမယ်"
"ဒီကလေးနှယ့် ဘယ်တွေသွားမှာမို့ဒီလောက်တောင်ပျော်နေရတာတုန်း"
"ဟီးဟီး ဘာမှမဟုတ်ပါဘူး Mae ရဲ့ လာ satang"
Mae ကိုငါတို့အကြောင်းမသိစေချင်သေးတာမို့ အရင်လိုဟန်ဆောင်နေရတာပင်။
"ဂရုစိုက်သွားအုန်း ဒါနဲ့ fourth ကောမပါဘူးလား"
"မပါဘူးလေ Mae"
"ဟေ ဘာလို့လဲ ခေါ်လိုက်လေ သားတို့ရဲ့"
ဟာ ဒီMae ကတော့ ရီးစားနဲ့ဒိတ်မှာကို ဘာလို့သူငယ်ချင်းကိုခေါ်ရမှာတုန်း!!
"ခေါ်လိုက်မယ် Mae အခုသားတို့သွားတော့မယ်နော်"
Winny satang ရဲ့လက်ကိုဆွဲကာ အမြန်ထွက်လာလိုက်သည် မဟုတ်ရင် Mae က fourth ကိုသူ့ရှေ့တင်ခေါ်ခိုင်းနေမှဖြင့် first date လေးပျက်သွားအုန်းမယ်။
ငါ့အဖြစ်ကို satang ကကြည့်ကာရယ်နေသည်လေ။ငါမျက်စောင်းတချက်ထိုးလိုက်ပြီး စကားစလိုက်သည်။
"ဘာရီတာလဲ"
"ချစ်ဖို့ကောင်းလို့ပါဗျာ"
*ရွတ်*
မောင်က ငါ့ပါးကိုတချက်မျှလာနမ်းရင်း ပြောသည်။
မောင့်ရဲ့အနမ်းတစ်ချက်က ဆူပုတ်နေတဲ့ငါ့မျက်နှာကို ပြုံးလာအောင်လုပ််နိုင်သည်။"ကဲ အခုဘယ်သွားမှာလဲဗျ"
"Pee Mak 4 သွားကြည့်မလား"
"ကိုကိုကကြည့်ရဲလို့လား"
"အောင်မာ မင်းလိုကလေးကိုမေးရမှာ.."
ကိုကိုက ပါးစပ်ကပွစိပွစိပြောရင်း ရှေ့ကနေထွက်သွားလို့ ငါ့မှာ ကိုကို့အနောက်ကိုအမြန်လိုက်ရသေးသည်။
ကိုကို့ စိတ်တိုင်းကျ ဇာတ်ကားကို အတွဲခုံမှာလတ်
မှတ်ဖြတ်ပြီး ဇာတ်ကားကြည့်ရင်းစားဖို့ မုန့်တွေကိုလဲ သယ်ပေးထားရသေးသည်။
![](https://img.wattpad.com/cover/359390422-288-k731158.jpg)