ဒီနေ့တော့ ငါတို့ပြိုင်ပွဲနိုင်တဲ့အထိမ်းအမှတ်နဲ့ မူကထ စားဖို့ စီစဉ်လိုက်သည်။အဖွဲ့သားတွေအပါအဝင် ငါနဲ့ Gemini ရဲ့မရှိမဖြစ်လေး နှစ်ယောက်ကလဲပါဝင်ပါသည်။
စားသောက်နေရင်း ငါတို့ရဲ့မရှိမဖြစ်လေးနှစ်
ယောက်က အရင်လိုမဟုတ်ဘဲ ငြိမ်နေတာကို သတိထားမိသည်။အတူတူထိုင်စေတော့လဲ မသိချင်ယောင်ဆောင်ကာ ငါနဲ့ Gemini ကိုသူတို့ကြားထဲထည့်သွားသည်လေ။ငြိမ်သက်နေတဲ့ ဆက်ဆံရေးကြီးကြောင့် ငါကဘဲစကားစလိုက်ရသည်။
"ကိုကိုနဲ့ အသေးကောင် မင်းတို့ငြိမ်နေတယ်နော်"
"အင်းလေ phi ဘာမှလဲမစားဘူး"
Gemini က fourth ပန်းကန်ထဲ အသားထည့်ပေးရင်းငါ့စကားကိုဝင်ထောက်ခံသည်။
"ငါဗိုက်မဆာဘူး"
Winny ကဝင်ပြောတော့ fourth စားလက်စတူကိုချလိုက်ပြီး ထထွက်သွားသည်။
"အယ် phi..P'fourth"
အသေးကောင်နောက်လိုက်သွားတဲ့ Gemini ကို ငါပါးစပ်အဝိုင်းသားကြည့်နေမိသည်။
"ကိုကို မင်းတို့ဘာဖြစ်နေတာလဲ"
"ရန်ဖြစ်ထားတာ"
"ဘာဖြစ်ကြတာတုန်း မင်းတို့လောက်ချစ်တာ မင်းတို့ဘဲရှိတာကို"
ငါ့စကားကြောင့် ကိုကိုက ငါ့ဘက်ကိုလှည့်လာသည်။
"ငါအဲ့ကောင်ကိုမချစ်ပါဘူး"
"အယ် အယ် ဟုတ်ပါပြီ ဘာဖြစ်တာလဲပြော"
အခုလိုအချိန်မှာ ငါစကားမှားရင် ငါပါအကောက်ခံရမှာမို့ စကားကိုထိန်းကာပြောရမယ်လေ။
"မင်းတို့ပြိုင်ပွဲမှာတုန်းက ငါက မင်းပါရင် နိုင်မှာလို့ပြောလိုက်တာ အဲ့အသေးကောင်က သူ့လင် Gemini တော်လို့ ဆိုပြီးပြန်ပြန်ပြောနေတာ"
"အဲ့တာလေးနဲ့ရန်ဖြစ်ကြတာလား"
"ပြီးတော့ ကျန်သေးတယ် ငါအိမ်သာသွားတာကို ငါ့နေရာကိုမဦးပေးထားဘူး။ငါပြန်လာတော့ အမကြီးတစ်ယောက်ဝင်ထိုင်နေတာ သူကမသိချင်ယောင်ဆောင်နေတယ် ခွေးကောင်!!"
သူတို့က ဒီလိုရန်ဖြစ်သေးတာလား။ပေါင်းလာတဲ့ တစ်လျှောက် သူတို့ရန်ဖြစ်တာဒီတစ်ခါဘဲမြင်ဖူးသေးတယ်။
![](https://img.wattpad.com/cover/359390422-288-k731158.jpg)