အရင်လို အထီးကျန်ဆန်စွာ ငါကျောင်းဝန်းထဲဝင်ခဲ့တယ်။စည်းကမ်းတင်းမကျပ်ပေနဲ့ စိတ်ဆိုးရင် ကြောက်ဖို့ကောင်းတဲ့ ငါ့အမေကြောင့် ငါ piano နဲ့အဆိုပိုင်းကိုလေ့လာခဲ့ရပြီး ကျောင်းရဲ့ဂီတကလပ်ထဲဝင်ခဲ့ရတယ်။
သူငယ်ချင်းဆိုလို့ ငါမွေးထားတဲ့ Jumu ဆိုတဲ့ကြောင်ပေါက်လေးဘဲရှိတယ်။ငါကိုယ်တိုင်ကလဲ သူငယ်ချင်းမထားချင်တဲ့လူမို့ မေမေ့ကိုခွင့်တောင်းကာ jumu ကိုလဲမွေးပြီးသူငယ်ချင်းတော်ထားလိုက်သည်။
ကျောင်းမှာလဲ ငါက စာတော်ပြီး ချမ်းသာတာကြောင့် သိပ်မပေါင်းကြဘူး။ငါကပေါင်းချင်ရင်တောင် ဖေဖေ့ကြောင့်ပင်။
ငါ သီချင်းစာသားတွေတွေးကာ တစ်ယောက်ထဲ လမ်းလျှောက်နေတုန်း လူတယောက်ငါနဲ့တိုက်မိကာ လှဲကျသွားသည်။
"အဆင်ပြေလားဗျ nong"
ငါ့ထက်အကောင်သေးတာကြောင့် ငါ့ထက်ငယ်မယ်လို့ထင်မိသွားလို့ပင်။
"ဟုတ် ဟုတ် တောင်းပန်ပါတယ်ဗျ"
လက်အုပ်လေးချီကာ တောင်းပန်ရင်း တိုက်မိတုန်းကထိမိသွားတဲ့ သူ့ခေါင်းလေးကိုပွတ်ရင်းအနောက်ကိုပြန်လှည့်သွားသည်။
ငါ မျက်တောင်မခပ်ဘဲ ကြည့်နေမိလေ၏။တော်တော်ချစ်ဖို့ကောင်းတဲ့ အကောင်ပေါက်လေးဘဲ။
Satang နားရောက်သွားကာ စကားနေကြတာမို့ အူတိုသွားသည်။ဒီကောင်ကဘာလို့ နေရာတကာပါနေတာလဲ!!
Satang က အကို အကိုနဲ့ဘယ်သူ့ကိုခေါ်နေမှန်းမသိပေမဲ့ ငါ့အကောင်ပေါက်လေးကလဲ သူ့အကိုဘဲဖြစ်ပါလိမ့်မယ်လို့ မှတ်ချက်ချလိုက်တယ်။
သူတို့အတန်းထဲဝင်သွားတာကြောင့် ဂီတကလပ်ထဲ ဝင်လာတဲ့ satang အနောက်ကို ငါလိုက်သွားလိုက်ကာ သူ့ဘေးနားဝင်ထိုင်လိုက်သည်။
စကားစပြောတော့ မအားဘူးဆိုကာ ထွက်သွားသည်လေ။ငါ မာနထိတာကြောင့် မလိုက်ဘူးလုပ်ပေမဲ့ အကောင်ပေါက်လေး ကိုရဖို့ satang ကငါ့ကိုကူညီနိုင်တာမို့ ငါလိုက်သွားလိုက်၏။
ငါ အဲ့ကောင်ကို အော်ခေါ်လိုက်တော့ အဲ့ကောင်က ရပ်သွားသည်။ငါ အဲ့ကောင်ရှေ့ပိတ်လိုက်ကာ စကားတွေခံမနေဘဲ ပြောလိုက်သည်။