1.8

1.6K 102 2
                                    

Uni

Lord Of My Heart [SYSTEM]

ညသန်းခေါင်ယံအချိန်နှစ်ထပ်ပျဉ်ထောင်အိမ်ကလေးရဲ့အိမ်အောက်ထပ်တွင်တော့လူအများနဲ့စီကားလို့နေသည်

“ ငယ်လေး ဒါကဘယ်လိုဖြစ်တာလဲ ”

“ ဟာ မမ…မမလဲအဲ့လိုတွေထင်နေတာလား…မမတို့ထင်နေသလိုမဟုတ်ဘူးနော် ”

“ အဟင်း…ငယ်လေးရယ် မမကိုရှင်းပြနေစရာမလိုပါဘူး မမနားလည်းပါတယ်…ပြီးတော့ အခုလိုအချစ်မျိုး(လိင်တူချစ်ကြိုက်ခြင်း)ကိုလဲအားလုံးကနားလည်ကြပါတယ်…စိတ်မပူပါနဲ့…အားလုံးကသဘောတူပေးကြမှာပါ ”

“ မ မဟုတ်ဘူး…ဟိုလူ ခင်ဗျားဘာမှမပြောတော့ဘူးလား ”

လွဲပြီးရင်းလွဲနေရတဲ့အပြင်သူရှင်းပြတဲ့စကားကိုမယုံပဲ ထင်ချင်ရာထင်နေကြတဲ့လူတွေကြောင့်စိတ်ညစ်နေပါတယ်ဆိုအစ်မဖြစ်သူကပါထပ်ပြီး အထင်လွဲကာ အားပေးရှာပါတယ်

သူလည်းဘယ်လိုပြောပြောမရဘူးဆိုတာကိုသိတာကြောင့်ဘာမှမပြောပဲတစ်ချိန်လုံးနှုတ်ဆိတ်နေတဲ့ဘေးကဇာတ်လိုက်ရှိရာဆီကိုစစ်ကူတောင်းပြီးရှင်းပြခိုင်းဖို့အတွက်ပြောလိုက်တယ်

“ ကိုယ်ကလား… ”

“ ဟုတ်တယ်လေ…ခင်ဗျားကိုမပြောလို့ကျုပ်ကဘယ်သူ့ကိုပြောရမှာလဲ ”

“ ကိုယ်ကဘာပြောရမှာလဲ ”

“ ကျစ်…ခင်ဗျားနဲ့ကျုပ်နဲ့ဘာမှမဆိုင်ဘူးဆိုတာကိုရှင်းပြခိုင်းတာလေ ပြီးတော့ အစောကဟာကမတော်တဆဆိုတာကိုကောပေါ့ ”

“ ကိုယ်ရှင်းပြရင်ရောသူတို့ကယုံမယ်ထင်လို့လား ”

“ ဒါပေမယ့်… ”

*အူဝါးးး…ငါလေးငိုချင်တယ်လို့…ဟင့် systemကလည်းသေနေသလားပဲ အခုထိပြန်မလာသေးဘူး…ဟိုသောက်ရူးဇာတ်လိုက်ကလည်းမရှင်းပြတဲ့အပြင်နှုတ်ဆိတ်ပြီးထောက်ခံအားပေးနေတယ်…အစ်မဖြစ်သူကလည်းမယုံတဲ့အပြင်အားပါပေးနေသေးတယ်… အူဝါးးး…ငါလေးဘက်မှာဘယ်သူမှမရှိကြဘူး…ဝူးဝူးဝူးးး *

လွင်ဦးတစ်ယောက်စိတ်ထဲတွင်ကမ္ဘာတွေပျက်ကာ အသံတိတ်ငိုကျွေးနေလေသည်

Lord Of My Heart [SYSTEM] {ခေတ္တရပ်နား}Where stories live. Discover now