1.12

1.5K 94 8
                                    


Uni

Lord Of My Heart [SYSTEM]


သူ့(လွင်ဦး)ရှေ့မှာပြုံးရွှင်ကာဖြင့် ရေထမ်းနေပါသည့် ဇာတ်လိုက်အားကြည့်ကာ သူ့မှာ သနားလည်းသနားမိသလို ရယ်လည်းရယ်ချင်မိသည်

ဘယ်ကနေစပြောရမလဲဆိုရင်ဖြင့် သူမနေ့က ဇာတ်လိုက်အား ဒီနေ့ကိုယ်တိုင်ချက်ပြုတ်ပေးမယ်လို့ပြောမိသည့်စကား‌ကနေစရမယ်ဆိုပိုမှန်ပေလိမ့်မည်

အဲ့စကားပြောမိသည့်မချိန်မှစပြီး အူမြူးနေတဲ့ ဇာတ်လိုက်မှာ သူ့အားဘာတစ်ခုမှ မလုပ်ခိုင်းပါပဲ  သူ(မြတ်ဓူဝံ)ချည်းသာဒိုင်းခံလုပ်နေခြင်းမှ နားသည်ကိုမရှိ။ပြောရရင်တော့ ဘယ်တုန်းကမှသူ့အား မည်သည့်အရာမျှမလုပ်ခိုင်းသည့်သူပါ

“ ဟေ့လူ…ခင်းဗျားမြင်ရတာမျက်စိကိုနောက်တယ် ငြိမ်ငြိမ်နေလို့မရဘူးလား ”

“ အာ…ခဏလေးပါနော် ဒါလေးပြီးရင်ပြီးပါပြီ… ”

“ အင်း…ပြီးရင်ကျွန်တော့ကိုလာကူပေး ”

“ အင်းအင်း အင်း ကိုယ်အမြန်ပြီးအောင်လုပ်လိုက်မယ်နော် ”

ပြောကာဖြင့် ရေဆွဲခြင်းအလုပ်အား လက်စသပ်နေပါသည့်မြတ်ဓူဝံကိုကြည့်ပြီး နှုတ်ခမ်းထက်အပြုံးနုနုလေးအားပန်ဆင်လို့ပန်ဆင်လိုက်မှန်းသတိမထားမိစွာဖြင့် လွင်ဦးတစ်ယောက် လယ်ကန်စွန်းရွက်အားဆက်လက်ကာသင်လို့နေ၏

ကောင်လေးအား လုပ်ကူရန်အလို့ငြာ လုပ်လက်စအလုပ်အားအမြန်အပြီးသပ်လိုက်ပြီး မနေ့ကခူးလာတဲ့လယ်ကန်စွန်းရွက်အားသင်နေပါသည့်ကောင်လေးရှိရာ အိမ်ရှေ့ကွပ်ပျစ်ပေါ်ကိုဝင်ထိုင်လိုက်ရင်းသင်ကူရန်ကြံရွယ်လိုက်သည်

“ ပြီးပြီလား… ”

“ အင်း ”

“ ရော့…ဒါသင် ”

ကြက်သွန်နီခြင်းအားထိုးပေးလာကာအခွံသင်ခိုင်းပါသည့်ကောင်လေးကြောင့် ယူလိုက်ရင်း အခွံသင်ရန်စတင်လိုက်လျှက်

“ ခင်ဗျားပြီးရင် ကြက်သွန်နီကိုပါးပါးလှီးပြီးရေဆေးထားပေး ကျွန်တော် ငါးရံ့‌ခြောက်ဗလာချောင်ကြော် ကြော်မလို့ ပြီးရင် ကန်စွန်းရွက်ကိုမန်ကျည်းသီးမှည့်နဲ့အချဉ်ရည်ချက်မယ်…အိမ်မှာရှိတဲ့ကြက်ဥငါးလုံးကိုမွှေကြော်လေးကြော်ပေးမယ် တစ်နေကုန်စာတော့ရနိုင်ကောင်းပါရဲ့ ”

Lord Of My Heart [SYSTEM] {ခေတ္တရပ်နား}Where stories live. Discover now