1.15

1.4K 91 9
                                    

Uni

Lord Of My Heart [SYSTEM]


“ ရော့…ငါလုပ်ခိုင်းတဲ့အတိုင်းသေချာလုပ် ”

“ အဟက် …စိတ်ချထားလိုက်စမ်းပါ ”

“ အေး…ပြီးမှစောက်တလွဲလုပ်လို့ကတော့နော် ”

“ စိတ်ချ အလွဲစေရဘူး…ကျုပ်တို့ကိုယုံလိုက်စမ်းပါ ”

“ ရှင်တို့ပြောတော့လည်း ရှင်တို့စကားပေါ့… သွားတော့ တစ်ယောက်ယောက်မြင်သွားလိမ့်မယ် ”

သူပြောလိုက်သည်နှင့် ပိုက်ဆံ ငါးထောင်ကျပ်တန် တစ်သိန်းအုပ် သုံးအုပ်အားကိုင်ကာ စကားပြောရင်းထွက်သွားကြသည့် လူငါးယောက်

“ အဟက်…လွင်ဦး..လွင်ဦး…နင်တော့ပွဲသိမ်းပြီပဲ ”

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

မကြာခင်အချိန်အတွင်း မြန်မာ့ရိုးရာသစ်နှစ်ကူးအတာသင်္ကြန်ပွဲသို့ရောက်ရှိတော့မည်ဖြစ်သည်မို့ ပန်းပိတောက်များကလည်းဝေဝေဆာဆာပင်ဖူးပွင့်ဝေဆာရန်တာဆူလျှက်ရှိ၏

သရက်သီးပေါ်ချိန်ဖြစ်၍လည်း ခြံထောင့်ရှိသရက်ပင်မှာ အဖူးအပွင့်တို့ဝေဆာလျှက်ရှိရာ သရက်သီးအကင်းလေးတွေပင် သီးနေပြီဖြစ်သည်

“ ကောင်လေး…ကောင်လေး ”

မနက်စောစော အိမ်ထဲမှ ထွက်ပေါ်လာသည့် မတိုးမကျယ်ခေါ်သံတစ်ခုဟာ ခြံစည်းရိုးကပ်ရပ်ရှိအိမ်များမှပင်ကြားနိုင်လေသည်

{သိပ်ပြီးမကျယ်ဘူးနော်😁😅😅}

“ ဘာလဲ…ကျုပ်သရက်ပင်ပေါ်မှာ ”

“ ဘယ်လို! ”

မနက်နိုးတော့ ကောင်လေးအားမတွေ့သည်မို့ အသံပြုကာ ရှာမိတော့ ပြန်ဖြေလာသံမှာ ခြံထောင့်ရှိသရက်ပင်ပေါ်မှ ဖြစ်နေသည်မို့ ရင်တွင်းဒိတ်ခနဲ့ဖြစ်သွားရချေသည်

သူလည်းအမြန်ပင်သွားကြည့်မိတော့ မြင်လိုက်ရသည်မှာ တုတ်ခိုင်တဲ့သရက်ပင်ကိုင်းနှစ်ခုကိုနှစ်ဖက်ခွနင်းထားရင်း လက်တစ်ဖက်ကလည်း အပေါ်မှ သရက်ကိုင်းတစ်ခုကိုဆွဲကိုင်ထားကာ ကျန်လက်တစ်ဖက်မှာတော့ သရက်သီးအကင်းလေးတွေကိုခူး၍ ကပုံစာထဲထည့်နေပါသည့် ကောင်လေး

Lord Of My Heart [SYSTEM] {ခေတ္တရပ်နား}Where stories live. Discover now