1.10

1.5K 98 2
                                    


Uni

Lord Of My Heart [SYSTEM]


မြတ်ဓူဝံတစ်ယောက်ရေမိုးချိုးပြီး ရေလဲဝတ်ပုဆိုးအနက်ကွက်စိပ်‌လေးဝတ်ကာ တပက်တစ်ထည်ဖြင့်ရေသုတ်ရင်း အိပ်ခန်းအတွင်းဝင်လာလိုက်တော့ အဝတ်အစားလဲထားပုံပေါ်သည့် ကောင်လေးမှာ ကုတင်ပေါ်တွင်ကျောပေး၍အိပ်လို့နေသည်ကိုတွေ့လိုက်ရသည်

“ ~~အိပ်‌တောင်သွားပြီလား~~ ”

ကောင်လေးနိုးသွားမှာဆိုးသည်ကြောင့် လေသံတိုးတိုးလေးဖြင့်သာဆိုရင် အဝတ်အစားလဲခြင်းအလုပ်ကိုသာဆက်လုပ်နေလိုက်တယ်

(Host တကယ်ကြီးအိပ်တော့မှာပေါ့)

*အင်း*

( အခုက Host နဲ့ ဇာတ်လိုက်ရဲ့မင်္ဂလာဦးညလေ)

*အဲ့တာကိုငါကဘာလုပ်ရမှာလဲ*

(ဟာ… host ကလည်း မင်္ဂလာဦးညပါဆိုနေကာမှ မင်္ဂလာဦးရမှာပေါ့ဗျ...ပြီးတော့လေ...&$&#&$&$+$&$…)

*ကျစ်!…ချီးပဲ…မင်းဘာဖြစ်စေချင်နေတာလဲ…ငါကအဲ့မျက်နှာရူးကိုတက်အုပ်ရမှာလား? ဦးနှောက်ပဲ နားရင်းပိတ်အုပ်လိုက်ရ*

( Host ကလည်း)

*တော်စမ်းပါ…*

အဝတ်စားလဲပြီးအိပ်ဖို့ပြင်လိုက်သော်လည်း ဘေးကနေမနားတမ်းစကားလာပြောနေတဲ့ system ကြောင့် စိတ်အချဉ်ပေါက်လာရကာ ပိတ်ဟောက်လိုက်ပြီး ထထိုင်ကာ အိပ်ခန်းအတွင်းကြည့်မိတော့ အဝတ်စားလဲနေတဲ့ မျက်နှာရူးအား တွေ့လိုက်သည်သာ

သေချာကြည့်မိတော့မှ ဒီလူကြီးရဲ့ခန္ဓာကိုယ်အချိုးအစားက အတော်ကိုကြည့်ကောင်းသည်ဟုဆိုရမည်ပင်

(Host ကြည့်လို့ကောင်းတယ်မလား)

*အင်း*

(ကြိုက်တယ်မလား)

*…... ချီးပဲ! ငါကဘာလို့ကြိုက်ရမှာလဲ? ဘယ်နားကကြည့်ကောင်းနေလို့လဲ? တကယ်ပဲ!*

(ဟားဟားဟားးးးး… ho hos host ဟားးးး…)

*အူတက်သေနေဦးမယ်*

အငိုက်ဖမ်းကာမေးနေရင်း အသိဝင်လာမှ မကျေမနပ်ဖြင့်ရှက်ကိုးရှက်ကန်းနှင့် အပြောအား သဘောကျကာ အော်ရယ်နေတဲ့ system သိုးလေးရယ်ပါ

Lord Of My Heart [SYSTEM] {ခေတ္တရပ်နား}Where stories live. Discover now