3.6

978 60 4
                                    


Unicode




Lord Of My Heart [SYSTEM]




ညအချိန်မှောင်မိုက်မှုတို့ကြားတိတ်ဆိတ်မှုတို့ကလွှမ်းခြုံလျှက်ရှိ၏။မှိန်ပြပြလရောင်အောက် အနည်းငယ်အရိပ်ကျလို့နေသည့် ဆီးပန်းပင်အောက်ရှိ မြက်ခင်းပြင်ထက် ခြေဆင်းထိုင်းရင်း ကြယ်ရောင်စုံတဲ့ကောင်းကင်ယံကိုမော့ကြည့်လို့ တစ်စုံတစ်ရာအား‌လွမ်းဆွေးနေပုံရသည့် ကောင်လေးတစ်ယောက်

“ ဟူးးးး~~ လွမ်းလိုက်တာ… ”

ဘုတ်!!!

“ ဟင်!!! ”

ကြယ်တွေကိုငေးရင်း ခံစားချက်တစ်ချို့ကိုပြောနေမိတုန်း "ဘုတ်" ဆိုတဲ့ အသံနဲ့အတူ သူ့အနောက်မှအရာတစ်ခုခု အရှိန်ပြင်းစွာဖြင့်ပြုတ်ကျလာသည်မို့ ထရပ်လိုက်ကာ အသံလာရာဆီသို့လျှောက်သွားလိုက်တော့

“ ဟင်!?? ”

ခါးထိရှည်တဲ့ အဖြူရောင်ဆံနွယ်ရှည်ကိုပိုင်ဆိုင်ထားပြီး သွေးများပေရေကာဖြင့် စုတ်ပြဲညစ်ပေနေသည့်ဝတ်ရုံရှည်ဖြင့် ဝမ်းလျား‌မှောက်ရက်အနေအထားဖြင့် သတိလစ်မေ့မျောနေပုံရသည့် လူတစ်ယောက်ကိုတွေ့လိုက်ရသည်

သူလည်း အမြန်ပင် ထိုသူအား ပက်လက်အနေအထားသို့ပြောင်းလိုက်ပြီး သွေးခုန်နှုန်းစမ်းကြည့်လိုက်တော့ အခြေအနေအတော်ဆိုးနေသည်ကိုတွေ့လိုက်ရသည်

ထိုသို့နှင့်သူလည်း ထိုလူကိုပွေ့ချီရန်အတွင်းအားချီ(ချီစွမ်းအင်)ကိုစုလိုက်ပြီး ပွေ့ချီကာ သူ့အဆောင်ထဲကိုခေါ်သွားလိုက်ကာ ကုတင်ပေါ်သို့အသာအရာချပေးပြီး

“ တော်ပါသေးရဲ့…ကျင့်ကြံသူတစ်ယောက်ဖြစ်နေလို့…မဟုတ်ရင် ဒီလူပိလို့သေမှာပဲ…လေးလိုက်ပုံများ ဘာတွေများစားထားပါလိမ့် ”

သူလည်း ထိုလူရဲ့ဒဏ်ရာတွေကို ရေနွေးနဲ့သေချာသန့်စင်ပေးလိုက်ပြီး ဆေးထည့်ကာ ပတ်တီးစည်းပေးလိုက်တယ်

“ အာပါပါ…‌ဒါလူလား? နတ်သားလား? ချောလိုက်တာ မှုံနေရောပါပဲလား? ”

အစက ဒဏ်ရာတွေကုပေးဖို့သာစိတ်စောနေသည်မို့ ထိုလူမျက်နှာအားသေချာမကြည့်မိလိုက်ပေ အခုကြည့်မိတော့မှ အတော်ကိုချောမောသည့်ရုပ်ရည်သွင်ပြင်အားပိုင်ဆိုင်ထားသည်ကိုမြင်လိုက်ရသည်မို့ သတိလက်လွတ်ပြောလိုက်မိခြင်းဖြစ်၏

Lord Of My Heart [SYSTEM] {ခေတ္တရပ်နား}Where stories live. Discover now