3.8

868 60 0
                                    



Unicode



Lord Of My Heart [SYSTEM]





ခမ်းနားတင့်တယ်ကာ ရိုးရိုးရှင်းရှင်းနှင့်ပင် သေချာသပ်ရပ်စွာဖြင့် ထည်ဝါစွာဆောက်လုပ်ကာ တန်ဆာဆင်ထားသည့် ကျယ်ဝန်းလှသည့် အဆောင်တစ်ခု

‌သေချာဆိုရရင်ဖြင့် ဆေးအိမ်တော်ရဲ့အဓိကခန်းမဆောင်သာဖြစ်ပေသည်

ထိုခန်းမအတွင်း နေရာတကျဖြင့် ဣန္ဒြေလေးနှင့်ထိုင်ကာ တစ်စုံတစ်ယောက်အား စောင့်မျှော်လို့နေသည့် လူတစ်ချို့ရှိလို့နေသည်

“ ဟင်??? ”
“ ???… ”
“ ဟာ??? ”

ခန်းမအတွင်းဝင်လာသည့်သူကြောင့် နှုတ်ဆက်ဖို့ပြင်လိုက်ချိန် ထိုသူ၏အနောက်မှ ခပ်ကုတ်ကုတ်ကလေးဖြင့်ကပ်ပါလာသည့် နောက်ထပ်လူတစ်ယောက်ကိုမြင်လိုက်ရသည်မို့ ခန်းမအတွင်းရှိလူများအားလုံးမှာတော့ ပြူးတိပြူးကြောင့်ဖြင့် ကြည့်ကာအာမေဒိဋ်သံတို့ကအစီစီအရီရီ ပင်ထွက်ပေါ်လို့လာလျှက်

အမှန်တွင်မယ်တော့ဖြင့် ထိုလူကိုမြင်လို့အံ့ဩခြင်းမဟုတ်ပဲ ထိုလူမှာ ဆေးအိမ်တော်သခင်ရဲ့ဝတ်ရုံလက်အနားစကိုဆွဲထားပြီး ဆေးအိမ်တော်သခင်ရန်မှာလည်း ထိုလူအားသေချာစွာဂရုစိုက်နေသည်ကိုမြင်လိုက်ရသည်ကြောင့် အံ့အားသင့်နေမိကြခြင်းသာဖြစ်ပေသည်

ဆေးအိမ်တော်သခင်ဆိုသည်မှာ ဘယ်သောအခါမှ လူတစ်ယောက်ကို ထိုသိုဂရုမစိုက်ဖူးသလို၊ဘယ်သောအခါမှလည်း ထိုသို့ပြုမှုခဲ့ခြင်းမရှိပေ။ယခုတော့ဖြင့် သူတို့မျက်လုံးပင်သူတို့မယုံကြည့်နိုင်စွာဖြင့် ဆေးအိမ်တော်သခင်နှင့် ထိုလူအား ကြည့်နေမိတော့သည်

“ ရှောင်ပိုင် ဒီမှာသေချာငြိမ်ငြိမ်လေးထိုင်နော်…တစ်ခုခုစားမလား? ဘာစားမလဲ? ”

“ ….... ”

ရှောင်ပိုင့်ကိုသူထိုင်တဲ့ခုံမှာဝင်ထိုင်စေလိုက်ပြီး မေးလိုက်‌ပေမယ့် ဘာမှပြန်မဖြေပါပဲ သူ့မျက်နှာကိုသာစိုက်ကြည့်လို့နေသည့် သူကြောင့် ကြောက်နေသည်ဟုထင်မှတ်မိလိုက်သည်

“ ကြောက်နေတာလားဟင်? ”

“ ဟင့်အင်…မကြောက်ပါဘူး ကိုကို ”

Lord Of My Heart [SYSTEM] {ခေတ္တရပ်နား}Where stories live. Discover now