intro

2.1K 136 9
                                    

Holland၏မြို့တော် Amsterdam..။

Canalပေါင်းများစွာရှိပြီး canalတွေရဲ့နှုတ်ခမ်းစပ်၌တည်ဆောက်ထားသည့် ရေပေါ်အိမ်လေးများကအများအပြား။

ပန်းချီပညာ၊ဗသုကာပညာများထွန်းကားရာမြို့ဖြစ်ပြီး Holland၏လူဦးရေအထူထပ်ဆုံးမြို့လည်းဖြစ်သည်။

သတင်းစာ၏ခေါင်းစီးပိုင်း၌ နေရာယူထားသော သတင်းတစ်ပုဒ်။

မြို့တော်၀န် Jadenတစ်ယောက် အမျိုးသားတစ်ယောက်နှင့် စေ့စပ်လိုက်သည့်အကြောင်းအား တရား၀င်ထုတ်ပြန်ထားသည်။

ထိုအမျိုးသားက အခြားသူမဟုတ်။ရုပ်ရှင်လောက၏ နတ်ဘုရားဟူ၍တင်စားကြသည့် 90century‌ေနှာင်းပိုင်း၌ တဟုန်ထိုးလျှမ်းလျှမ်းတောက် အောင်မြင်နေသည့် Tae.Hyung.Kim။သူ၏ပရိတ်သတ်များကတော့ "Kim"ဟူ၍ချစ်စနိုးခေါ်လေ့ရှိကြသည်။

အသက်လေးဆယ်စွန်းစွန်းသာရှိသေးသော Jadenကမေးရိုးထင်းထင်း ပါးသိုင်း‌ေမွှးခပ်ရေးရေးနှင့်အကြည့်တို့က သိမ်းငှက်တစ်ကောင်အလားစူးရှသည်။ခြောက်ပေကျော်အရပ်အမောင်းနှင့် ကျန်းမာရေးလိုက်စားသည်ကြောင့် ခန္ဓာကိုယ်က ကျန်းမာကြံ့ခိုင်သည်ထက်သာလွန်သည်။ချောမောခန့်ညားသောရုပ်ရည်ထက်၌ ပါးချိုင့်နက်နက်တို့ကထင်ရှားလျက်။
Jadenကဲ့သို့ ဂု‌‌ဏ်သ‌ေရရှိလူကြီးမင်းကို သမီးရှင်တို့မျက်စိကျကြသလို Jaden၏ အိပ်ယာထဲသို့ ဇွတ်တိုး၀င်ချင်ကြသူများကဒုနဲ့ဒေး။ထိုအထဲမှ ကံကောင်းသွားသူက Amsterdam၏ နတ်ဘုရား Kimသာလျှင်။

Jaden၌ Jeon Ianအမည်ရ ဆယ့်ကိုးနှစ်အရွယ်သားတစ်ယောက်ရှိပြီး Harvest တက္ကသိုလ်၌ပညာသင်ကြားနေခြင်းဖြစ်သည်။

အသက်နှစ်ဆယ့်ငါးနှစ်အရွယ်သာရှိသေးသော Kimက လက်ရာမြောက်ထုဆစ်ထားသည့် နတ်ဘုရားရုပ်တုတစ်ခုအလား။‌‌လိမ္မော်နီရောင်ဆံနွယ်တွေရယ် က ဘုရားပေးတဲ့ဆုလာဘ်အသွင်။နှာတံချွန်ချွန်နှင့် မထူမပါးနှုတ်ခမ်းပါးက ဣိတ္ထိယတို့သာမက ပုရိသတို့ကိုပါ မူးမေ့သွားအောင် စွဲဆောင်နိုင်စွမ်းရှိသည်။Kimကရုပ်ရည်ချောမောရုံသာမက အနုပညာနယ်ပယ်တွင်လည်းတစ်ဖက်ကမ်းခတ်ထူးချွန်သူ။မြို့တော်၀န်နှင့်Kimကလိုက်ဖက်တာထက်ပိုသည်။အမျိုးသမီးထုကြီးကတော့နှစ်ဆအသည်းကွဲကြရတော့သည်။Jadenကိုသူတို့မရနိုင်တော့သလို Kimကိုလည်းစိတ်ကူးယဉ်ပိုင်ခွင့်မရှိတော့ဘူးလေ။
::::::::::::::::::::::::::::::::::::::::::::::::::::::::::

Dark ParadiseWhere stories live. Discover now