3

660 87 4
                                    

Jeon Ian၏နားစည်အတွင်း၌"သူက ဒယ်ဒီနဲ့လပ်ထပ်မယ့် ဒယ်ဒီ့ချစ်သူ"ဟူသည့်စကားသံတို့ဟာပဲ့တင်ထပ်လျက်။

စက္ကန့်ပိုင်းအတွင်း၌မြင်တွေ့ခဲ့ရသည့်ည့်အမျိုးသားတစ်ယောက်က အဘယ့်အတွက်ကြောင့်သူ့အာရုံအားထွေပြားအောင်ဖန်တီးနေပါသနည်း။ထိုသူ၏ လိမ္မော်နီရောင် ဆံနွယ်တွေကလား..?သို့တည်းမဟုတ် ရှတတတေးသီချင်းသံကလား..?သို့တည်းမဟုတ်..သွယ်လျလျမျက်နှာကျနှင့် ချောမောပြေပြစ်သော အဆင်းရူပကာကြောင့်ပေလား..?စသည်ဖြင့် သူက မေးခွန်းများစွာအား ခက်ခဲစွာအဖြေထုတ်မိလျက်ရှ်ိသည်။

ရေမိုးချိုးကာ သက်သောင့်သက်သာအ၀တ်စားတို့အားလဲပြီးသည့်တိုင် သူ၏စိတ်အ‌စဉ်ဟာ အနည်းငယ်မျှလန်းဆန်းသွားခြင်းမရှိ။ခပ်အေးအေးနေတတ်သော သူ့အဖို့ ထိုအတွေးတို့က စိတ်ရှုပ်ဖွယ်ရာကောင်းလှသည်။ထို့ကြောင့် သတင်းစာတစ်စောင်ကိုဆွဲယူကာ ၀ရံတာဘက်ထွက်လာခဲ့လိုက်သည်။

ခြံထဲကတီးလုံးသံတို့က ခပ်သဲ့သဲ့ကြားနေရသေးသည်။၀ရံတာ၏ထောင့်စွန်း၌ ထိုင်ခုံတစ်လုံးကိုချကာ စာဖတ်ရန်ပြင်ဆင်လိုက်သည်။သို့သော် သူရွေးလိုက်သောနေရာက ခြံ၀န်းထဲရှိ ပါတီလုပ်နေသည့်နေရာနှင့်တန်းနေခြင်းပင်။ဘာရယ်မဟုတ်အကြည့်ရောက်မိတော့ စုံတွဲလိုက်ကခုန်နေကြခြင်းကိုမြင်‌ေတွ့ရသည်။သူ၏မသိစိတ်က ခေါင်းလိမ္မော်ရောင်လေးအားလိုက်လံရှာဖွေနေမိသည်။

တွေ့ပါပြီ။ဒယ်ဒီနှင့်တွဲကနေပါသော အဲ့ဒီအမျိုးသား။အားလုံးထဲ၌ ထင်းထွက်လျက်ရှိပြီး ဝေဝေဆာဆာပြုံးနေသည်မှာ အတော်လေးကိုပျော်ရွှင်နေဟန်ရှိသည်။ဒယ်ဒီသည်လည်း အဖိုးတန်ကြွေရုပ်လေးအား မထိရက်မကိုင်ရက် ဖြစ်နေသည့်ပုံစံနှင့်အလားသဏ္ဌာန်တူပါသည်။ဒယ်ဒီက အဲ့ဒီအမျိုးသားရဲ့ လက်ကို ခပ်ဖွဖွနမ်းရှိုက်သောအခါ အလိုလိုအကြည့်လွှဲမိလျက်သား။

ခြံ၀န်းထဲသို့ဆက်မကြည့်တော့ဘဲ သူ၏အာရုံကို သတင်းစာဖတ်ခြင်းသို့လွှဲပြောင်းယူလိုက်၏။

"Holland၏ နတ်ဘုရား Kim.."

ဟူသောခေါင်းစဉ်နှင့် ထိုအမျိုးသား၏ရုပ်ပုံများက သတင်းခေါင်းစီးပိုင်း၌ အကျအနနေရာယူလျက်။ဖတ်ကြည့်မိတော့ နာမည်အပြည့်အစုံက Tae. Hyung.Kim..။အသက်က 25နှစ်ဖြစ်ပြီးသူ့ထက်ခြောက်နှစ်လောက်သာကြီးသည်။
မိဘမဲ့တစ်ယောက်ဖြစ်ပြီး အနုပညာလောကသို့၀င်ရောက်လာသည်မှာမကြာသေးပေမယ့် လျှမ်းလျှမ်းတောက်အောင်မြင်ကာ လူထု၏အချစ်ကို သိမ်းပိုက်ထားနိုင်သူဖြစ်ကြောင်း၊ထူးချွန်ထက်မြက်သော သူ၏သရုပ်ဆောင်စွမ်းရည်နှင့် ဆွတ်ခူးခဲ့သော ဆု‌တံဆိပ်ပေါင်းများစွာအား ရွှန်းရွှန်းဝေအောင်ဖော်ပြထားသော သတင်းစာဖြစ်သည်။

Dark ParadiseWhere stories live. Discover now