ဒီရက်ပိုင်းတွေ Jeon Ianမှာသိသိသာသာပင် အဲ့ဒီလူကိုတမင်ရှောင်နေခဲ့သည်။လောလောလတ်လတ်သူ့မြင်ကွင်းထဲ၌ အဲ့ဒီလူရဲ့အ၀တ်မဲ့နေသည့်ပုံရိပ်ဟာ ခဏခဏဒုက္ခပေးလွန်းသည်။
JeonIanသည်ယောက်ျားသားချင်းကြိုက်နှစ်သက်တတ်သူမဟုတ်။ဘာလို့ အဲ့ဒီလူကိုမှလဲ..။သူသည် မဖြစ်သင့်ဟူသည့်အတွေးနှင့်သူ၏ခံစားချက်များအား အစမပျိုးခင် ချုပ်ထိန်းထားလေ့ရှိသည်။
"ဒုတ်!...ဒုတ်!.."
သူ၏ပန်းပုထုသည့်အခန်းထဲ၌ သစ်သားတို့ကိုထုဆစ်သည့်အသံမျိုးစုံထွက်ပြီးနောက် ရုပ်လုံးကြွအကြမ်းထည်ပုံသဏ္ဍာန်ပေါ်လာခဲ့သည်။
အဲ့ဒီပုံက အမျိုးသားတစ်ယောက်၏အ၀တ်ဗလာနှင့်နောက်ကျောပုံပင်ဖြစ်လေသည်။
"ကျစ်!.."
Jeon Ianကစိတ်ပျက်လက်ပျက်ပင် စုတ်သပ်လိုက်မိသည်။သူတကယ်ပဲ ဘာဖြစ်နေတာတဲ့လဲ...။ဒယ်ဒီ့လူကိုမှ ဘာလို့အဲ့လောက်တောင်ဖြစ်နေရတာလဲ။ဒယ်ဒီ့အပေါ်မှာတောင် သူ့စိတ်က လိပ်ပြာမလုံချင်တော့။အဲ့ဒီလိုဖြစ်နေသည့် သူ့စိတ်ကိုသူမုန်းသည်။ဒယ်ဒီ့လူအပေါ်စွဲလမ်းတပ်မက်စိတ်ရှိနေသည့် သူ့ကိုယ်သူလည်းမကျေနပ်။ကြာလာလျှင်ဖြင့် ရောထွေးနေသောခံစားချက်များဖြင့် Jeon Ianကရူးတော့မည်ဖြစ်သည်။
အဲ့ဒီလူရဲ့ အမြဲတစေ စီးကရက်ခဲနေတတ်သည့်အကျင့်ကိုမကြိုက်။ယောက်ျားတကာနှင့်ပရောပရီနေပုံထိုင်ပုံကအစသဘောမကျ။ခပ်ပေါ့ပေါ့စကားပြောဟန်ကလည်း သူ့အကြိုက်မဟုတ်ပါဘဲနှင့် ဘာလို့များ အဲ့ဒီလောက်ဖြစ်နေရသလဲ။နောက်ပြီးတော့ အဲ့ဒီလူရဲ့အကျင့်ဆိုးတွေကိုပြင်ပေးချင်စိတ်ကတဖွားဖွား။ကာယကံရှင် ဒယ်ဒီကတောင်အလိုလိုက်ပြီးချစ်ပေးနေတာ သူကဘာတတ်နိုင်မှာတဲ့လဲ...။
သူထုဆစ်ပြီးသောအကြမ်းထည်ပန်းပုရုပ်ကို ကတ္တီပါစ အနီရောင်ဖြင့်လွှမ်းခြုံလိုက်ပြီး ထိုအခန်းထဲမှ စိတ်ပျက်လက်ပျက်ထွက်လာခဲ့သည်။အခန်းတံခါးကို သော့ခတ်ဖို့ရာလည်းမမေ့။ထိုလူနှင့်ပတ်သတ်သည့် သူ၏ခံစားချက်တို့တည်ရှိရာနေရာကို အမြဲတစေ သော့ခတ်သိမ်းဆည်းထားမည်သာ။
