1

916 80 3
                                    

Cambridgeမှ Holland(Amsterdam)သို့ရထားဖြင့် 5နာရီခွဲခန့်ကြာမြင့်ပြီးမှ ဆိုက်ရောက်လေသည်။

အချိန်ကြာကြာရထားစီးထားသည်ကြောင့် တစ်ကိုယ်လုံးညောင်းချိ၍နေ၏။ပြန်ရောက်လာမည့်အကြောင်းအား ဒယ်ဒီ့ကိုအ‌ကြောင်းမကြားထား၍ အိမ်တော်မှ မည်သူမှမသိရှိသေးချေ။စာမေးပွဲပြီးပြီးချင်း အိမ်သို့တန်းပြန်သည့်ကျောင်းသားဟာ Jeon Ianဆိုသည့် သူတစ်ယောက်သာရှိပါလိမ့်မည်။

သူသည်ပျော်ပွဲ ရွှင်ပွဲတွေကိုစိတ်၀င်စားလေ့မရှိဘဲ ခပ်အေးအေးသာနေလေ့ရှိသူဖြစ်ပြီး မျက်စိရှုပ်နားရှုပ်ရသည့်အလုပ်များအားမနှစ်မြို့သူဖြစ်သည်။

သျှားညိုရောင်ကုတ်အရှည်အား အတွင်း၌ shirtအဖြူနှင့်တွဲ၀တ်ကာ အညိုရင့်ရင့်ဘောင်းဘီအရှည်က သူ၏ရှည်လျားသော‌ခြေတံရှည်များနှင့်လိုက်ဖက်စွာ။ပြောင်လက်နေသောရှူးဖိနပ် အနက်ရောင်က အထက်တန်းလွှာလူတန်းစားမှန်းသိသာစေလျက်။လှိုင်းတွန့်သဏ္ဌာန်ခပ်ကောက်ကောက်ဆံပင်များက ကျကျနနပုံသွင်းထားခြင်းခံရပြီး သူ၏အသွင်ပြင်ကို ကြည့်ရဆိုးမသွားစေပါ။ငယ်ရွယ်မှု၊နုပျိုချောမောမှု၊ခန့်ညားမှုစသည့်တို့ထင်ဟပ်နေသော သူ၏ပုံပန်းသွင်ပြင်နှင့်မျက်နှာအချိုးအစားက အထင်ကြီးလောက်ဖွယ်ရာ။

သူ၏လက်ထဲ၌ အနက်ရောင်suitcase,တစ်လုံးမှလွဲ၍ များများစားစားပစ္စည်းရယ်လို့မပါ။ဘူတာ၌ မီးရထားစက်သပ်သံ၊ခရီးသွားများ၏အသံများဖြင့်ဆူညံနေပြီး အဲ့ဒါက သူ့ကို နည်းနည်းအာရုံနောက်စေသည်။

အငှားယဉ်တစ်စီးလျင်မြန်စွာငှားလိုက်ပြီးနောက် အိမ်လိပ်စာပြောလိုက်သည်။အနည်းငယ်ပင်ပန်းသလိုရှိတာကြောင့် မျက်လုံးတို့အား မှေးမှိတ်ထားလိုက်သည်။

Holland(Amsterdam)၏စက်တင်ဘာလက အမြဲတစေမိုးမပြတ်တတ်သလို ယခုလည်း မိုးစက်မိုးဖွဲများစတင်ရွာသွန်းနေပြီဖြစ်သည်။ညနေစောင်းအချိန်ခါဖြစ်သည်ကြောင့် အအေးဓာတ်ကပိုချင်လာသည်။

ယာဉ်မောင်းဦးလေးကြီးက ရေဒီယိုလိုင်းတစ်ခုအားဖွင့်လိုက်ဟန်ရှိပြီး ရာသီဥတုအခြေအနေနှင့်လိုက်ဖက်မည့် တေးသီချင်းတစ်ပုဒ်ထွက်ပေါ်လာလေသည်။

Dark ParadiseWhere stories live. Discover now