"ငါ့ကိုလွှတ်!!.."
အနောက်ကလူက အသည်းသန်ရုန်းသော်လည်း Jeon Ianကဆုပ်ကိုင်ထားသည့်လက်တို့ကိုမလွှတ်ပေးမိ။
အင်းပေါ့လေ...။သူပရောပရည်လုပ်နေတာအရှိန်ပျက်သွားလို့တော်တော်လေးဒေါသထွက်နေရှာမှာပဲ..။လူတစ်ယောက်ကို တစ်ခါထဲ အမြင်နဲ့မဆုံးဖြတ်သင့်ဘူးဆိုပေမယ့် အဲ့ဒီလူကို Ian၏စိတ်ထဲ၌အချိုးလုံး၀မပြေ။စတွေ့ကတည်းက ရုပ်ကလေးလှသည်နှင့် နာမည်ကြီးသည်ကလွဲ၍ ကောင်းကွက်တစ်ကွက်မှမရှိ။တွေးမိလေဒေါသထွက်လေဖြစ်သည်။
Ianက ထိုလူ့ကိုကားထဲသို့အတင်းထိုးထည့်လိုက်ပြီး သူကမောင်းသူနေရာ၌ ၀င်ထိုင်ကာ ကားတံခါးကိုစောင့်ပိတ်လိုက်သည်မှာ ဝုန်းကနဲ အသံမြည်သည်အထိ။
ကားကိုပြန်လှည့်ပြီးမောင်းထွက်တော့ နံဘေးကလူက သူ့လက်ကောက်၀တ်သူကိုင်ထားပြီး မျက်နှာကတော့ ဟိုဘက်သို့လွှဲထားလေသည်။စကားကတော့တစ်ခွန်းမှမပြောပေ။ခုနက ဆွဲခေါ်ရာမှာ အားအနည်းငယ်သုံးလိုက်တာကြောင့် အဲ့ဒီလူရဲ့ လက်ကောက်၀တ်က နီရဲသွားတာဖြစ်သည်။
Ianက နံဘေးကလူကိုမျက်မှောင်ကျုံ့ကြည့်လိုက်သည်။ဟိုဘက်ကိုမျက်နှာမူထားသည်မှာ သူစိတ်ဆိုးနေပါသည်ပေါ့။ဒယ်ဒီ့လူက အချိုးမပြေသည့်အပြင် စိတ်ကလည်း ကလေးစိတ်ဖြစ်သည်။ဒေါသထွက်နေသည့်ကြားမှ အဲ့ဒီလူပုံစံကြည့်ပြီးအနည်းငယ်ရယ်ချင်သွားရသည်။ အဲ့ဒါနဲ့များ သူ့ကို ချာတိတ်လို့ လာခေါ်ရဲသေးတာ...။
Ianက မျက်နှာအမူအရာကိုပြန်ထိန်းလိုက်ပြီးခပ်တည်တည်သာနေလိုက်သည်။အဲ့ဒီလူပုံစံက တကယ့်ကို ကိုင်တွယ်ရခက်မည့်ပုံစံမျိုးဖြစ်သည်။
အိမ်ရောက်သည်အထိ ထိုပုံစံအတိုင်းလိုက်လာပြီး ကားတံခါးကိုစောင့်ပိတ်ပြီးနောက် ကားပေါ်ကဆင်းသွားလေသည်။
သူကပဲ လာလာချည်သေးတယ်..။မှားတာက သူမဟုတ်ဘူးလား?အကြမ်းပတမ်းဆွဲခေါ်လာမိပေမယ့် တကယ်တမ်းမှားသည်က အဲ့ဒီလူလေ..။သူကပဲတစ်ပြန်ကြီး စိတ်ကောက်ရတယ်ရှိသေး...။သူကဒယ်ဒီ့လူ..။သူနဲ့ကိုယ်နဲ့ဘာမှမဆိုင်။ချော့စရာအကြောင်းလည်းမရှိပေ။