5

619 72 11
                                    

အမူးသမားက လုပ်ချင်ရာလုပ်ပြီးအိပ်ပျော်သွားပြီဆိုပေမယ့်  အိပ်မပျော်သေးသည်က JeonIanသာလျှင်။

အနမ်းဟုမဆိုသာသည့်အနမ်းတစ်ပွင့်ကြောင့် သူ့ရင်တွေကကပြောင်းကပြန်ကမောက်ကမ ခုန်နေရသည်။

နှုတ်ခမ်းကိုထိကပ်စေရုံလေးကို အဘယ်အတွက်ကြောင့်ဤမျှရင်ခုန်နေရပါသနည်း။အဖြေက သိပ်ကိုရှင်းသည်။အဲ့ဒီလူကို သူရင်ခုန်နေခဲ့တာဖြစ်သည်။မဖြစ်သင့်။မချစ်သင့်။အစမပျိုးခင်မှာပင် သူ၏ဦးနှောက်က အန္တရာယ်အချက်ပေးသံခေါင်းလောင်းတို့မြည်ဟီးနေခဲ့သည်။

အခန်းထဲ၌ Jeon Ian၏သက်ပြင်းချသံတို့သာကြီးစိုးနေလေသည်။မဖြစ်သင့်တာကိုစိတ်ကူးမယဉ်မိစေရန်သူ၏အသိစိတ်ကထပ်ခါထပ်ခါ သတိပေးနေမိသည်။နောက်နေ့ကစပြီး အဲ့ဒီလူနှင့်ဝေးဝေးနေရန်ပါဆုံးဖြတ်လိုက်တော့သည်။

Taehyung Kimကသိပ်ကိုအန္တရာယ်များလွန်းတယ်...။

ညတုန်းကအတေ‌ွးပေါင်းစုံဖြင့်ဉာဉ့်နက်ခဲ့သည်ကြောင့် နေအတော်မြင့်မှ အိပ်ယာကနိုးလာခဲ့ရသည်။

နံနက်စာစားဖို့အိမ်အောက်ဆင်းလာတော့ ဧည့်ခန်းမှာသတင်းစာဖတ်နေသောဒယ်ဒီ့ကိုတွေ့ရသည်။

မနက်စောစောဒယ်ဒီပြန်ရောက်လာခြင်းဖြစ်မည်။ဒယ်ဒီ့ကိုမြင်တော့ သူ့စိတ်ထဲမလုံမလဲဖြစ်သွားပြီးနေရခက်သွားတာကြောင့်အထွေအထူးနှုတ်ဆက်မနေတော့ဘဲ dining roomပဲထွက်လာခဲ့လိုက်သည်။

စားပွဲပေါ်၌ ပေါင်မုန့်ကြက်ဥကြော်တစ်ချပ်ရယ် ၊ကော်ဖီတစ်ခွက်ရယ် အသင့်ပြင်ထားပေးသည်ကိုတွေ့ရတာကြောင့် ထိုင်စားလိုက်သည်။

ကော်ဖီကအနည်းငယ်ချိုနေပေမယ့် ပေါင်မုန့်ကြက်ဥကြော်ကတော့အတော်လေးစားလို့ကောင်းသည်။

"Mrs.Jan.!..ကော်ဖီက သကြားများတယ်.."

စားဖိုဆောင်မှာအလုပ်လုပ်သည့် အမျိုးသမီးကိုလှည့်ပြောတော့ထိုအမျိုးသမီးက

"သခင်လေးစားဖိူ့ မနက်စာကို သခင်လေးKimကစီစဉ်ပေးခဲ့တာပါ သခင်လေး..."

ထိုအမျိုးသမီးစကားကြောင့်သူ၏မျက်ခုံးတန်းတို့တွန့်ချိုးသွားရသည်။

Dark ParadiseWhere stories live. Discover now