Part 1

3.2K 40 3
                                    

ကျေးကျွန်

ခပ်ရှုပ်ရှုပ်လူတွေကြားထဲကမှ
ကျွန်တော်အဲ့ကောင်လေးကိုငေးကြည့်နေမိတယ်..
​အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်းနဲ့ပိန်ပိန်သွယ်သွယ်ကောင်လေး
တော်ရုံယောက်ျားလေးတွေမှာ အဲ့လိုအချက်တွေမရှိဘူးလေ...
ဉပမာ ရှည်သွယ်ကော့ညွှတ်နေတဲ့မျက်တောင်တို့....
ဒါမှမဟုတ် ခပ်ရဲရဲနီနေတဲ့ လေးကိုင်းလေးလိုနှခမ်းငယ်တို့...
ဘာတွေဘယ်လိုလှလှပါ ကျွန်တော်သဘောကျတာက အဲ့ဒီသွားတန်းလေးတွေ.....
ပြောင်းဖူးလေးတွေစီထားတာနဲ့တူတယ်.....
ရယ်လိုက်ရင် ဘယ်လိုတောင်ချစ်ဖို့ကောင်းတာပါလိမ့်.....
တက္ကသိုလ် ကျောင်းသားဘဝဆိုတာ ဘာလောဘ ဒေါသ မှမရှိတဲ့ဘဝရဲ့ အဖြူရောင်အချိုးအကွေ့လေးပဲ....
အဲ့ဒီအဖြူရောင် ကာလ လေးထဲကမှ ခင်ဗျားလေးက ကျွန်တော့်ရဲ့ သိုးငယ်လေး....
မဟုတ်ဘူး ကိုကို့ရဲ့ သိုးငယ်လေး....
ကောင်လေးက သူ့သူငယ်ချင်းတွေ နဲ့ ရယ်နေရင်းကကျွန်တော့်ဆီပြေးလာတယ်.....
ပြီးတော့

"ကိုကို ".......ဟင်း ကိုကိုတဲ့လား ချိုလိုက်တာ ကလေးလေးရာ........
ကောင်လေးက ခုံပေါ်ထိုင်နေတဲ့ကျွန်တော့်ပေါ်တက်ထိုင်ပြီး ကျွန်တော့်ရဲ့ဂျာကင်ထဲကိုအတင်းတိုးဝင်နေတယ်....
"ကိုကို ဖက်ထားပေး ကျွန်တော့်ကိုဖက်ထားပေးလို့... "
ကျွန်တော် ရင်ခုန်လွန်းစွာ အဲ့ဒီကလေးလေးကိုဖက်ထားမိတယ်.....
ကလေးလေးရယ်......ခင်ဗျားလေးကဘာလို့များအဲ့လောက် ဖြူစင်နေရတာပါလိမ့်....

"ဒေါက် ဒေါက် ဒေါက် ".....

တံခါးခေါက်သံက သူ့မျက်ခုံတန်းလေးတွေ
ကိုတွန့်ကွေးသွားစေသည်.....
ဘယ်သူကများဒီလောက်ချိုတဲ့အိပ်မက်ကို
လာဖျက်ဆီးပါလိမ့်.....
သက် ပြင်းချ​သံနှင့်အတူ သူအိပ်ယာမှထကာ
အခန်းတံခါးကိုဖွင့်ပေးလိုက်၏
ကျင်လည်ခဲ့ပြီဖြစ်သော ဘဝအတွေ့အကြုံ
တွေက အလိုမကျမှုဖြစ်သည့်တိုင်အောင်
သူ့မျက်နှာအားပျက်ယွင်းမနေစေပါ....
ဒါကိုကပဲ သူ့ရဲ့Style လေ....
တံခါးရှေ့တွင်အိမ်တော်ထိန်းကြီးဉီးထွန်းဝေက
သူ့အားအသင့်ရပ်ကြည့်နေ၏

"ရှိန်း ရဲ့အတွင်းရေးမှူးက ဉီးလေးကိုခုလေးတင်
ကပဲ ရှိန်းရဲ့ဒီနေအချိန်စာရင်းလှမ်းပို့တယ်.....
အဲ့ဒါရှိန်းနောက်ကျနေမှာစိုးလို့ ဉီးလေးက....."

ကျေးကျွန်Where stories live. Discover now