Part 8

267 6 0
                                    

Unicode

ကျေးကျွန်

စုသက်ချိုသည် နှင်းဆီပန်းဆီးကို ပစ်ချကာခြေထောက်ဖြင့်တမင်နင်းချေလိုက်သည်

ပန်းဆီးပေးသူ ဇွဲအာကာ၏ မျက်နှာကား
မှုန်မှိုင်းလျက်....

"ဒီမှာ ကိုဇွဲအာကာ...ကျွန်မက ရှင့်လို သူများကို ကပ်ရပ်နေရတဲ့ အိမ်မြောင်လို လူစားကို စိတ်မဝင်စားဘူး...အဲ့ဒါကျွန်မအဖြေပဲ...."

ထို့နောက် သူမက လှည့်ထွက်သွားတော့သည်

ဇွဲအာကာသည် အံကိုကြိတ်ကာ လက်သီးကို တင်းတင်းဆုပ်ထားမိ၏....

အိမ်မြောင်လိုလူစားတဲ့....

အေးပါ ခုကစပြီး ငါမင်းအထင်ကြီးလာအောင်လုပ်ပြမယ်...

▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ခေတ်မာန်သည် ထိုနှစ်ထပ်တိုက်ကိုကြည့်ကာ စိတ်ထဲ မသတီသလို တံတွေးတစ်ချက်ထွေးလိုက်၏....

ဒီအိမ်က ပျော်တော်ဆက်အိမ်ဆိုတာက ထားဉီး
အဲ့ဒီတစ်ဉီးတည်းသောပျော်တော်ဆက်က ယောက်ျားလေးတဲ့လား....

ဘယ်လိုတောင် အရှက်သိက္ခာမဲ့တဲ့ကောင်ပါလိမ့်

ပြီးတော့ ကိုရှိန်းခန့်နောင်ကရော အဘယ်အတွက်၏နေရာမှာရှိနေရပါသနည်း...

မျက်မှောင်ကုပ်ကာစဉ်းစားရင်းမှပင် အထဲသို့ဝင်လာလာခဲ့၏...

အိမ်ထဲက စကားသံအချို့က သူ့နားစည်တွင်ရိုက်ခတ်လျက်...

"နေပါစေဗျာ.....သူအဲ့ဒီသိန်းတစ်ထောင်နဲ့ဘယ်လောက်ခံနိုင်မယ်ထင်လဲ...ဘယ်လောက်ချမ်းသာချမ်းသာ မကြာဘူးကုန်မှာပဲ..."

အဲ့ဒီအသံက သူ့နားတွင်ရင်းနှီးသလိုခံစားနေရ၏....

တစ်လှမ်းနှစ်လှမ်းမျှလျှောက်မိ၍ စကားပြောနေသောလူကို တွေ့ရသောအခါ အကြီးအကျယ် အံဩသွားရ၏...

"ဒယ်ဒီ...... "

ဉီးညီမြင့် သည်မမျော်လင့်သောနေရာ၌ သားဖြစ်သူကိုတွေ့ရသောအခါ အကြီးအကျယ်အံ့ဩသွားရ၏....

ကမန်းကတန်း ထကာ တစ်နေရာသို့ ဆွဲခေါ်လာရသည်...

"သား ဒီလိုနေရာကိုဘာလာလုပ်တာလဲ..."

ကျေးကျွန်Where stories live. Discover now