Part 3

504 12 0
                                    

Unicode

ကျေးကျွန် 

ကျွန်တော့်နာမည် ဆွေးရိပ်ညိုပါ နည်းနည်းတော့ အဆန်းသားရယ် ဘာလို့ဆို အဲနာမည်က
ဉီးလှိုင်ကိုယ်တိုင်ပေးခဲ့တာလေ....

အဖေအရင်းတစ်ယောက်ဖြစ်တဲအဖေကတောင် ကျွန်တော့်နာမည်ကို ပေးခွင့်မရှိလို့မပေးခဲ့ရဘူးလိုဆိုတယ်...

ကျွန်တော်က ဉီးလှိုင်ရဲ့ စောင့်ရှောင့်မှုနဲ့
ဒီအရွယ်ထိ ရောက်လာခဲ့ရတာ...စောင့်ရှောင့်မှုဆိုတာထက်...မြောက်စားမှုလို့ပြောရင်ပိုမှန်နေမလား...ကျွန်တော့်ရဲ့ညာဘက်ရင်အုံမှာ ခက်နှိပ်ထားတဲ့စာတစ်ခုရှိတယ်....

ကျွန် တဲ့....

နာလိုက်တာဗျာ အဲ့ဒီတံဆိပ်လိုစာကြီး ကျွန်တော့် ရင်ဘက်မှာကပ်တော့ ကျွန်တော့်အသက်က ၅ နှစ်ပဲရှိသေးတယ်...

ရဲ နေအောင်မီးဖုတ်ထားတဲ့ အဲ့ဒီစာပါတဲ့သံပြားကို ညာဘက်ရင်အုံပေါ်မှာဖိပြီးကပ်တာလေ

အတော်လေးပူပြီးနာလို့ ငိုမိတာတောင် မျက်ရည်မထွက်ပဲကြိတ်ခံရမယ်တဲ့...

မင်းဟာ ကျွန်ကမွေးတဲ့သားမလို့ ငါတို့ရဲ့ဆွေစဉ်မျိုးဆက်ကျေးကျွန်ဖြစ်ကြောင်းတံဆိပ်ခတ်နှိပ်တာတဲ့.....

အဲ့ဒီအချိန်က ကျွန်တော့်မှာ ဘဝဆိုတဲ့အရာကိုစိတ်ကူးယဉ်ဖို့ အနာဂတ်ဆိုတာကိုတောင်ပုံမဖော်ရသေးပါဘူး ကျွန်တော့်ဘဝက အစမှာတင်အဆုံးသတ်နေခဲ့ပြီ....

ဟုတ်ပါတယ် ကျွန်တော်တို့က မျိုးရိုးစဉ်ဆက် ဉီးလှိုင်တို့မိသားစုရဲ့ ကျွန်တွေလေ...

နည်းနည်းတော့ကြောင်တယ်မှတ်လား

ဒါပေမယ့် ဘယ်ခေတ်ထဲကစခဲ့တဲ့ ကျိန်စာဆိုးတွေပါလိမ့်...ကျွန်တော်မှတ်မိသလောက်
အဘိုး အဖေ ပြီးတော့ကျွန်တော်...

ကျွန်တော်တို့ ကအဲ့ဒီကနေရုန်းထွက်ခွင့်မရှိပါဘူး ရုန်းထွက်ဖို့ ဆိုတာထက်သခင့်အလိုကျ သေဆိုသေ ရှင်ဆိုရှင် အမှုထမ်းဖို့သာ ငယ်ငယ်ထဲက ဉီးဏှောက်ထဲရိုက်သွင်းခံထားရတယ်ဆိုပိုမှန်မလား.....

ကျေးကျွန်Where stories live. Discover now